#Local_News
Published 24 December 2024
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တွင် သံစိမ်းများထုတ်လုပ်မည့် စက်ရုံ ၃ရုံသာ လည်ပတ်ရန် ကျန်ရှိတော့ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ သံမြေမှ သံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ အလုပ်ရုံ (၂၂)ရုံ တည်ဆောက်ခဲ့ရာအဆိုပါအလုပ်ရုံ (၂၂)ရုံအနက် အလုပ်ရုံ (၁၉) ရုံသည် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ကျွမ်းကျင်ပညာများနှင့် ပြည်တွင်းပညာရှင်များဖြင့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ခြင်း၊ စက်စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် အလုပ်ရုံ (၃)ရုံကိုလည်း အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်း (၈၀)ခုရှိသည့်အနက် စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း (၄၅)ခု၊ ပြည်ပကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ လုပ်ငန်း(၃၅)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာမှ ဆောင်ရွက်ရမည့် လုပ်ငန်း(၄၅)ခု နှင့်ပတ်သက်၍ အမြန်ဆုံးပြီးစီးအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြီးပြတ်ပါကပြည်ပကျွမ်းကျင်ပညာရှင်များ လာရောက်မည် ဖြစ်ကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံအား စက်ရုံမလည်ပတ်ခင် အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအလုံ ပါဝါကုမ္ပဏီလီမိတက်နှင့် ပူးပေါင်း၍ စက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံလည်ပတ်၍ စွန့်ပစ်အပူများထွက်ရှိလာပါက အဆိုပါအလုပ်ရုံ၌ ပြန်လည်သုံးစွဲပြီး လျှပ်စစ်ဓာတ်အားကို ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ သံမဏိစက်ရုံ(ပင်းပက်)တွင် နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများထုတ်လုပ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် သံစိမ်းကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၄ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံ သဘာဝဓာတ်ငွေ့များ မျှဝေသုံးစွဲမည့် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေတယ်လို့သိရပါတယ်။
နစက စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့အား ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံစဉ် ယင်းကိစ္စကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းများကို ဆော လျင်စွာ စတင်နိုင်ရေး နှစ်ဘက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်ထားပြီး ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့ အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်း အဆင့်မြှင့်တင်ရေးကိစ္စကိုလည်း ဆက်လက်ဆွေးနွေး ခဲ့ကြပါတယ်။
မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့် မြှင့်တင်လည်ပတ်နိုင်ရေးကိစ္စနှင့် အခြားသော စွမ်းအင်ကဏ္ဍဆိုင်ရာ မြန်မာနှင့်တရုတ်ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စတွေကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများနှင့်ကြုံတွေ့နေရတဲ့အတွက် ယင်းကိစ္စကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း မကြာသေးခင်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင်စွမ်းအင်လုံခြုံရေးအတွက် မြန်မာနိုင်ငံမှာ ပြည်တွင်းတွင်ပင် လောင်စာဆီများထုတ်လုပ်နိုင်ရန် အတွက် အဆင့်မြင့်ရေနံချက်စက်ရုံများတည်ဆောက်နိုင်ရေးလည်း အပူတပြင်းလိုအပ်လျှက်ရှိနေကြောင်းသိရှိရပါတယ်။
@ymg/knl

#Local_News
Published 24 December 2024
▪️ ယနေ့ ဒီဇင်ဘာလ ၂၄ရက်က ဆင်ပေါင်ဝဲမြို့အနီးအင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၇)မိနစ်၊ (၂၅)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အ နောက်တောင်ဘက် မိုင် (၇၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၈) ဒီဂရီ၊ အနက်(၆၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတစ်ဝန်း ယခုလဆန်းမှ စ၍ အင်အားအသင့်အတင့်ရှိ မြေငလျင်များ လှုပ်ခတ်လျှက်ရှိရာယနေ့လှုပ်ခတ်သည့် မြေငလျင်အပါအဝင် တစ်လအတွင်းမြေငလျင်ပေါင်းရှစ်ကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 23 December 2024
၁။ တစ်ပတ်အတွင်း ရွှေဈေးတစ်သိန်းကျော်ကျဆင်း
၂။ အောင်ပန်း၌ ၁၅ ရက်တစ်ကြိမ်ပြုလုပ်မည့် ဒေသငရုတ်ခြောက် ကုန်စည်ပြပွဲတွင် လေလံစနစ်ဖြင့် ရောင်းချပေးမည်
၃။ ရုပ်ရှင်ဥပဒေသစ်တွင် အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိ ပိတ်မည့်ပုဒ်မသစ်ပါဝင်လာ
၄။ တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအကျိုးဆက်များအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ဘဏ္ဍာရေးဈေးကွက်များ အခက်ခဲဆုံးအခြေအနေရင်ဆိုင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့က တိုက်ခန်းအငှားဈေးနှုန်းတွေ နှစ်ဆလောက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 23 December 2024
#တိုက်ခန်းအငှားဈေးနှုန်း #အိမ်ခြံမြေအကျိုးဆောင်
#YMG/SW #Yangon_Times
နိုင်ငံတော်အကြည်ညိုပျက်စေရေး လုပ်ဆောင်တဲ့အနုပညာရှင်တွေကို အနုပညာလုပ်ကိုင်ခွင့် အများဆုံးသုံးနှစ်အထိ ပိတ်ပင်မယ့် ဥပဒေပါဝင်လာ
#Local_News
Published 23 December 2024
#ရုပ်ရှင်ဥပဒေသစ် #အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိပိတ်
#YMG/SW #Yangon_Times
အောင်ပန်းမြို့မှာ လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ၁၅ ရက်တစ်ကြိမ် ဒေသငရုတ်ခြောက်ကုန်စည်ပြပွဲကို တောင်သူ့စျေးမှ ကျင်းပပေးသွားမှာဖြစ်ပြီး လေလံစနစ်နဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 23 December 2024
#အောင်ပန်း #ငရုတ်ခြောက်ကုန်စည်ပြပွဲ
#YMG/NN #Yangon_Times
Page 414 of 2225