#Daily_News
Published 18 June 2025
၁။ ဒလတံတား စီမံကိန်းလုပ်ငန်းများ ဒီဇင်ဘာလကုန်တွင်ပြီးစီးရန်ဆောင်ရွက်နေ
၂။ RBF ကိုငလျင်ဘေးဒဏ်သင့်ဒေသများနှင့် ရန်ကုန်တိုင်းတွင် ၅၆ယူနစ်အထိ တိုးချဲ့ဆောင်ရွက်ပေးမည်
၃။ ဆင်အမွှာလေးကျော်ပုလဲအား လိုအပ်ပါက အသက်နှစ်နှစ်ခန့်မှသာခါးဆစ်ရိုးခွဲစိတ်မည်
၄။ (၂၇)ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်စတင်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ့ငလျင်အတွက်လူသားချင်းစာနာမှုထောက်ပံ့မှုအဖြစ် အာရှဖွံ့ဖြိုးမှုဘဏ်(ADB Bank) က အမေရိကန်ဒေါ်လာသန်း၁၀၀ကူညီမယ်လို့ ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 18 June 2025
#ADB #အမေရိကန်ဒေါ်လာသန်း၁၀၀ကူညီ
#YMG/SW #Yangon_Times
ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့ ဝင်္ကဘော်ဆင်စခန်းက ဆင်အမွှာသားလေးကျော် ပုလဲခါးဆစ်ရိုးထိခိုက်ခဲ့ပြီး လမ်းမလျှောက်နိုင်တာကြောင့် စနစ်တကျကုသတာတွေပြုလုပ်ပေးနေပြီး လိုအပ်ပါက အသက်နှစ်နှစ်အရွယ်ခန့်မှသာ ခွဲစိတ်မှုပြုလုပ်ပေးနိုင်မယ့် အခြေအနေရှိနေတယ်လို့ ပဲခူးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းက သိရပါတယ်။
#Local_News
Published 18 June 2025
#ဆင်အမွှာလေးကျော်ပုလဲ #ခါးဆစ်ရိုးခွဲစိတ်
#YMG/NN #Yangon_Times
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းစီကိန်း(RBF)ကို ငလျင်ဘေးဒဏ်သင့် ဒေသတွေနဲ့ နို့စားနွားမွေးမြူရေးစီမံကိန်း ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ယူနစ်(၅၆)ယူနစ်အထိတိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 18 June 2025
#RBF #ယူနစ်၅၆ယူနစ်
#YMG/SW #Yangon_Times
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား စီမံကိန်းလုပ်ငန်းတွေ ဇင်ဘာလကုန်မှာပြီးစီးဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 18 June 2025
#ဒလတံတားစီမံကိန်း #မြန်မာ-ကိုရီးယားချစ်ကြည်ရေး
#YMG/NN #Yangon_Times
#Local_News
Published 18 June 2025
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင်အမေရိကန်ဒေါ်လာ ၃၃ သန်းကို စက်သုံးဆီလုပ်ငန်းရှင်များအတွက်ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးလာသည်။
▪️ သို့သော်ထုတ်ရောင်းပေးမယ့် ငွေပမာဏအတွက် ရည်ညွှန်းငွေလဲနှုန်းကိုမူ သီးခြားဖော်ပြထားခြင်းမရှိပေ။
▪️ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခု ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၆၂ သန်းကို ထုတ်ရောင်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 June 2025
▪️ မန္တလေးငလျင်ကြောင့် ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိ Sky Villa အ ဆောက်အဦမှ ရုပ်တစ်လောင်းတစ်လောင်း ထပ်မံ၍ ယနေ့တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန် ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာနေ့လည် ၁၂ နာရီ ၅ မိနစ်အချိန်က B အဆောင် အခန်းအမှတ် G-3 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 416 of 2433