#Daily_News
Published 28 Apirl 2025
၁။ ငလျင်ထိခိုက်ပျက်စီးမှုအခြေအနေများအတွက် JICA ကျွမ်းကျင်ပညာရှင်များအဖွဲ့လာရောက်
၂။ ပြည်ပသို့ငါးတင်ပို့ရာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် တန်ချိန်ပေါင်း ၄၈,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့
၃။ မိုးဦးကာလအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်
၄။ အဆင့်မြင့် AI နည်းပညာများ အသုံးပြုကာ လိုအပ်ချက်အတိုင်းမှာယူနိုင်သည့် စိုက်ပျိုးရေးစက်ပစ္စည်းများအား တရုတ်ကုမ္ပဏီများထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ငလျင်ဘေးဒဏ်သင့် အခြေအနေ အကဲဖြတ်မှုလုပ်ငန်းတွေလုပ်ဆောင်ပြီး ငလျင်အလွန် ပြန်လည်ထူထောင်ရေးနဲ့ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျှော့ချရေးတို့အတွက်အရေးပါတဲ့ သိပ္ပံနည်းကျအထောက်အထားတွေ ထောက်ပံ့ပေးသွားဖို့ တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ရောက်ရှိဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 28 Apirl 2025
#သိပ္ပံနည်းကျအထောက်အထား #မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး
#YMG/NN #Yangon_Times
အခုနှစ် မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီက နေ့မှာ အသိပေးထားပါတယ်။
#Local_News
Published 28 Apirl 2025
#မုန်တိုင်းငယ်တစ်ခုဖြစ်နိုင် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံများသို့ ငါးတင်ပို့ရာမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန်ပေါင်း ၄၈,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 28 Apirl 2025
#ပြည်ပသို့ငါးတင်ပို့ #ငါးလုပ်ငန်းဦးစီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံမှာ ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေ အတွက် JICA ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ဧပြီလ ၂၇ ရက်ကနေ မေလ ၃ ရက်အထိ မြန်မာနိုင်ငံသို့ စေလွှတ်ဖို့ ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သိရပါတယ်။
#Local_News
Published 28 Apirl 2025
#JICAကျွမ်းကျင်ပညာရှင် #ငလျင်ထိခိုက်ပျက်စီးမှုအခြေအနေ
#YMG/SW #Yangon_Times
#Local_News
Published 28 April 2025
▪️ မတ်လ၂၈ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ ရသူများနှင့်အတူ တသားတည်းရပ်တည်လျက်ရှိကြောင်း ယူကေအစိုးရက မြေငလျင် တစ်လပြည့်နေ့တွင် ထုတ်ပြန်လိုက်သည်။
▪️ ယူကေအစိုးရအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများနှင့်အတူ တသားတည်း ရပ်တည် လျက်ရှိသည့်အပြင် အသက်ကယ်ဆယ်ရေးနှင့် အရေးပေါ်လူသားချင်း စာနာမှုအကူ အညီများကိုလည်း ဆက်လက် ပေးအပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့ မြေငလျင်နှင့် ပတ်သက်၍ယနေ့အထိ ယူကေအစိုးအနေဖြင့် ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး ထိုပံ့ပိုးမှုများသည် ဒေသခံမိတ်ဖက် များမှတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီး ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးကို အောက်မေ့သတိရဆု တောင်းပေးလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 April 2025
▪️ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပခရီးစဉ်များ မေလ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Myanmar Airways International (MAI) မှ သိရသည်။
▪️ ထိုသို့ ပြန်လည်ပြေးဆွဲရာတွင်MAIလေကြောင်းလိုင်းမှ မေလ ၁ ရက်မှစတင်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအ ပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဥ်ခရီးစဥ်များ၊ ချင်းမိုင်မြို့ဆီသို့တစ်ပတ်လျှင် ၂ကြိမ် ပြည်ပခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ MAI အနေဖြင့် ငလျင်ကြောင့်ရပ်နားခဲ့ရသည့် ပြည်တွင်းခရီးစဥ်များဖြစ်သည့် နေပြည်တော်နှင့် မန္တလေးမြို့များသို့လည်း ဧပြီလ ၄ ရက်နှင့် ဧပြီလ ၉ ရက်က စတင်ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 420 of 2376