#Daily_News
Published 19 November 2024
၁။ ဒီဇင်ဘာကျောင်းပိတ်ရက်တွင် ချောင်းသာသို့အပန်းလာဖြေမည့်သူများဖြင့် ဘိုကင်ပြည့်နေ
၂။ ရွှေတိဂုံစေတီတော်သို့ လေးလတာအတွင်း ဘုရားဖူးသိန်း၂၀နီးပါးလာရောက်ဖူးမြှော်
၃။ ပုဂံဘုရား(၄)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်နေ
၄။ (၁၅)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ တရုတ်လေကြောင်းပြပွဲကြီး၌ ဆန်းသစ်တီထွင်ဒရုန်းအမျိုးမျိုးပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 November 2024
▪️ ရေခဲအမှတ်နီးလာသည့်မြို့(၁)မြို့နှင့်ညအပူချိန်များကျဆင်းလာပြီး ပုံမှန်ထက်ပိုအေးလာသည့် မြို့ကြီး(၄)မြို့ရှိကြောင်း သိရသည်။
▪️ ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင်(၁.၀)ဒီဂရီဆဲလ်စီးယပ်၊ တီးတိန် မြို့တွင် (၆.၅) ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့တွင် (၁၀.၀) ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့တွင် (၁၁.၆) ဒီဂရီဆဲလ်စီးယပ်နဲ့ ပြင်ဦးလွင်မြို့တွင် (၁၂.၂)ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့သည်ဟုဆိုသည်။
▪️ လွိုင်လင်မြို့၊ မှော်ဘီမြို့၊ မဒေါက်မြို့၊ဧလာမြို့၊ဇောင်းတူမြို့၊ရွှေကျင်မြို့၊ဘီးလင်းမြို့၊ ဘိုကလေးမြို့ နှင့်ရန်ကုန်(ကမ္ဘာအေး)တို့တွင် မိုးများရွာသွန်းခဲ့သည်။
▪️ နောက်(၂) ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သွန်းနိုင်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
အခုလအတွင်း စတင်လိုက်တဲ့ ကြက်သွန်နီနဲ့ပတ်သက်တဲ့ ပို့ကုန်မူဝါဒအပြောင်းအလဲကြောင့် ပြည်ပတင်ပို့တာတွေ လျော့ကျလာတယ်လို့ ကြက်သွန်နီ တင်ပို့သူတွေဆီက သိရပါတယ်။
#Local_News
Published 19 November 2024
#ပို့ကုန်မူဝါဒ #ကြက်သွန်နီ
#YMG/NN #Yangon_Times
ပုဂံဘုရား(၄)ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 November 2024
#ပုဂံဘုရား(၄)ဆူ #မိုးကြိုးလွှဲတပ်ဆင်ခြင်
#YMG/tthl #Yangon_Times
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ အခုနှစ်လေးလတာအတွင်းဘုရားဖူးသိန်း၂၀ နီးပါးလာရောက်ဖူးမြှော်ခဲ့ကြတယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။
#Local_News
Published 19 November 2024
#ရန်ကုန်မြို့ #ရွှေတိဂုံစေတီတော်
#YMG/NN #Yangon_Times
တန်ဆောင်တိုင်ပိတ်ရက်အပြင် လာမယ့်ဒီဇင်ဘာလကျောင်းပိတ်ရက်မှာ ချောင်းသာအပန်းလာဖြေဖို့ ဘိုကင်တင်ထားသူတွေနဲ့ပြည့်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 November 2024
#ချောင်းသာ #ဒီဇင်ဘာကျောင်းပိတ်ရက်
#YMG/tthl #Yangon_Times
#Local_News
Published 19 November 2024
▪️ သန်လျင်မြို့နယ်ရှိ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ နိုဝင်ဘာ ၁၉ ရက်နေ့၊ မနက် ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်၂လမ်းမကြီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မနက်၃ နာရီ ၅၈အချိန်၌ Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၁၅မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၁၈ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုးများအပါအဝင် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 423 of 2192