#Local_News
Published 9 June 2025
▪️ ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Esports World Cup 2025 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု MLBB အသင်းအဖြစ် Mythic Seal ကသွားရောက်ယှဥ်ပြိုင်မည် ဖြစ်သည်။
▪️ ထိုသို့သွားရောက်ယှဥ်ပြိုင်ရန်အတွက် ပြည်တွင်းရှိ Mobile Legends:Bang Bang (MLBB) အသင်းများမှ ကိုယ်စားပြုအသင်းအဖြစ်ရွေးချယ်ရန် MSL MM 2025 Season 1 ကို ကျင်းပခဲ့ရာ ပြည်တွင်းအသင်းပေါင်းများစွာမှ Mythic Seal အသင်းက Champions ဆုကြီးကို ရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် သွားရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
▪️ Mythic Seal အသင်းအနေဖြင့် Grand Final တွင် Yangon Galacticos အသင်းနှင့် ယမန်နေ့ညနေပိုင်းက Best of 7 ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ရပြီး ၄-၂ ရလာဒ်ဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။ Mythic Seal အသင်းတွင် Coach အဖြစ် Lnyydaddy အသင်းသားများအဖြစ် Kenn, Nikko,Bo Ye,Zippy,Khun တို့ ပါဝင် ဖွဲ့စည်းထားပြီး Coach အပါအဝင် Kenn, Nikko, Zippy စသည့် ကစားသမားများသည် နိုင်ငံတကာ MLBB ပြိုင်ပွဲများတွင် သွားရောက်ယှဥ်ပြိုင်ဖူးသည့် ဝါရင့် ကစား သမားများဖြစ်ကြောင်း သိရ သည်။
▪️ ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Esports World Cup 2025 ပြိုင်ပွဲ၏ MLBB Mid Season Cup 2025 ပြိုင်ပွဲကို လာမည့်ဇူလိုင်လ ၁၀ရက်မှ သြဂုတ်လ ၂ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
#YMG/SW #Yangon_Times
နေပြည်တော်၊ ဇွန် ၇ ၂၀၂၅
တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံကို ယခုနှစ်ကုန်တွင် စတင် လည်ပတ်နိုင်အောင် တည်ဆောက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) သို့ ဇွန်လ ၆ ရက်က သွားရောက်ပြီး စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။
အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ပြီး စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သုံးသန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ဆောင်ရွက်နေတယ် လို့ ဝန်ကြီးဦးကိုကိုလွင်က ပြောတဲ့အကြောင်း စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အဆိုပါစက်ရုံမှာ မော်ဂျူလာ အမျိုးအစား စက်ရုံဖြစ်ပြီး ယခုနှစ် ၂၀၂၅ အကုန်မှာ လည်ပတ် ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ဒုတိယအဆင့်အနေဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သုံးသန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံအသစ်အား ၂၀၂၈ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန် ရည်မှန်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ယင်းအပြင် မကွေးတိုင်းဒေသကြီးရှိ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)အား အဆင့်မြှင့်တင်မွမ်းမံပြီး အဆင့်မြင့်စက်သုံးဆီများချက်လုပ်နိုင်ရေးစီမံဆောင်ရွက်သွားမယ်လို့လည်းသတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

“ စီမံကိန်းတွေပြီးစီးပါက နိုင်ငံတော်ရဲ့စက်သုံးဆီလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင် မှာဖြစ် တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုလျော့နည်းသက်သာစေမည့်အပြင် ယခင် ကြုံတွေ့ခဲ့ရတဲ့ စက်သုံး ဆီ အကျပ်အတည်းများကိုလည်း ကျော်လွှားနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကိုလည်း တိုးမြှင့် စေမှာဖြစ်ပါတယ်” လို့ ဝန်ကြီးဦးကိုကိုလွင်က ပြောကြားပါတယ်။
ယခုနှစ်ကုန်တွင် စတင်လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေတဲ့ အဆိုပါရေနံချက်စက်ရုံမှ ထွက်ရှိလာမည့် လောင်စာဆီများသည် Euro 4 အဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီမည်ဖြစ်တယ်လို့သိရပြီး ဓာတ်ဆီ ဆိုလျှင်လည်း အနည်းဆုံး အောက်တိန်းနံပါတ် ၉၂ အထိအရည်အသွေးရရှိလာမယ်လို့ စွမ်းအင် ဝန်ကြီးဌာနမှ သိရပါတယ်။
ဝန်ကြီးဦးကိုကိုလွင်သည် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)၌ အဆိုပါစက်ရုံတည်ဆောက်မည့် မြေနေရာတွင် Pile Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံအတွက်လိုအပ်သည့် သဘာဝဓာတ်ငွေ့များ ထိန်းချုပ်ဖြန့်ဖြူးပေးမည့် သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်း (သန်လျင်)၊ ရေနံစိမ်းနှင့်ရေနံထွက်ပစ္စည်းများ သယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ရန် လမ်းအူကြောင်း လျာထား နေရာများ၊ တောင်ဒဂုံ-သန်လျင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ပဲခူးမြစ်ဖြတ် အပိုင်းတွင် Horizontal Directional Drilling စက်ဖြင့် တူးဖောက်ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လောင်စာဆီများကိုရရှိရေးတွင် ပြည်ပတင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေခဲ့ရ တဲ့အတွက် လောင်စာဆီရရှိမှုအခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီအတွက် နိုင်ငံရဲ့ စွမ်းအင် လုံခြုံရေး အစီအမံတစ်ခုအဖြစ် ပြည်တွင်း၌ပင် ရေနံများချက်လုပ်နိုင်အောင် စွမ်းအင်ဝန်ကြီးဌာနက စီမံ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
#ymg/knl
#Daily_News
Published 7 June 2025
၁။ Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်း ဒုတိယအကြိမ် ပြုလုပ်မည်
၂။ ပို့ကုန်ဝင်ငွေဒေါ်လာနှစ်ဘီလီယံခန့်တန်ဖိုးရှိပဲမျိုးစုံတန်ချိန် နှစ်သန်းခန့် တင်ပို့ရန်လျာထား
၃။ ဂျပန်ယဥ်ကျေးမှုစင်တာတွင် ဂျပန်ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ ပြပွဲများပြုလုပ်မည်
၄။ ရှန်ဟိုင်းမှရာစုနှစ်သက်တမ်းရှိအဆောက်အအုံဝန်းကြီးတစ်ခုလုံးကို စက်ရုပ်ပေါင်းလေးရာကျော်ဖြင့် ပြန်လည်သယ်ယူပြောင်းရွှေ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_7 June 2025
▪️ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာရှိအခြေခံပညာမူလတန်း ကျောင်း(မူလွန်)မှ ကျောင်း အုပ်ဆရာမကြီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်ရီရီထွေး အား PDF များက ဇွန်လ ၆ ရက် က သတ်ဖြတ် လိုက်ကြောင်း သိရသည်။
▪️ ကျောင်းဆင်းချိန်တွင် ကျောင်းဝန်းအတွင်းသို့ မော်တော်ဆိုင်ကယ် ၃ စီး ဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးအား သေနတ်ဖြင့် ပစ် ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခဲ့သဖြင့် ဒဏ်ရာများ ရရှိသေဆုံးသွားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်ထိ သတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည့် ပညာရေးဝန်ထမ်း ၈၀ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။
#Yangon_Times/PP
အခုနှစ် ငါးလတာအတွင်းတစ်နိုင်ငံလုံး၌ မီးလောင်မှု ၆၀၀ကျော် ဖြစ်ပွား၍ ၄၉ဦးေ-ဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။
#Local_News
Published 7 June 2025
#မီးလောင်မှု၆၀၀ကျော်ဖြစ်ပွား #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်
#YMG/NN #Yangon_Times
#Local_News
Published 7 June 2025
▪️ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့်မိသားစုများအား အရှည်ဆုံး ဗီဇာသက်တမ်းများကို ဇွန်လ ၉ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ အာဆီယံ ဗီဇာ လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်အရသိရသည်။
▪️ အဆိုပါ ကြေညာချက်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်၊ သားသမီးများ အတွက် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သော (Multiple Entry) ဖြင့် အရှည်ဆုံး ဗီဇာသက်တမ်း ၅ နှစ်ထိ၊ အရှည်ဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက် ရှိသည့် တရုတ်နိုင်ငံဗီဇာအမျိုးအစားများကို ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ တရုတ်သံရုံးဖုန်း : 0095-9894853188 ( ရုံးတက်ရက် မွန်းလွဲ ၂နာရီမှ ၆နာရီ အထိ အီးမေးလ် :
#YMG/NN #Yangon_Times
#Local_News
Published 7 June 2025
▪️ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိတော့ ကြောင်း ယနေ့ ဇွန်လ ၆ ရက် တွင်ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
▪️ ယင်းက နစက အစိုးရတာဝန်ယူဆောင်ရွက်ချိန်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ ရေဝေရေလဲတောများရှိပါက ရေထိန်းသိမ်းမှုများကို ပိုမိုဆောင်ရွက်နိုင် သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အလားတူ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်သည်” ဟုဆိုရိုးရှိကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးမှုများကို အကျိုးရှိစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားခဲ့သည်။
▪️ ယင်းအပြင်နိုင်ငံအတွင်းမုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှု များကိုခါးသီးစွာခံစားခဲ့ရကြောင်း၊ အလားတူ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူများကြောင့်ပျက်စီးမှုများရှိသကဲ့သို့ သဘာဝတရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့် ထိခိုက်မှုများလည်းရှိကြောင်း၊ မိမိတို့အ နေဖြင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇွန်လ ၆ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲ အတွင်း ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
▪️ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာ ဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက် ပျိုးပွဲတော် စုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃,၆၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေ ပြည် တော်တိုင်းစစ်ဌာနချုပ်၌ ၈,၀၄၃ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၅၀၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်၌ ၇,၀၂၂ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၄,၇၅၈ ပင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၌ ၁၁,၉၂၅ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၅,၇၇၅ ပင်၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၉,၅၇၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၈,၀၉၄ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၆,၈၂၀ ပင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌ ၉,၁၄၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၀,၀၄၁ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၈,၇၅၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြ ပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့်တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင် ၁၅၂,၈၄၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
▪️ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ရေဆင်းဆည် ပတ်ဝန်းကျင်၌ ၂၀၁၁ ခုနှစ်မှစ တင်၍သစ်ပင်စိုက်ပျိုးမှုများဆောင်ရွက်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့မှုမှာ ၄၁ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
#Yangon_Times/PP
Page 425 of 2430