ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ်မှ အလိုအလျောက်လိုင်စင်စနစ်နဲ့ပြောင်းလဲခွင့်ပြုရာမှာ စိုက်ပျိုးရေးထွက်ကုန် အချို့လည်း ပါဝင်တယ်လိုသိရပါတယ်။
#Local_News
Published 11 June 2025
#ပို့ကုန်လိုင်စင်ဦးစွာလျှောက်ထား #လိုင်စင်စနစ်ဖြင့်ခွင့်ပြု
#YMG/SW #Yangon_Times
#Local_News
Published 11 June 2025
▪️ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့က အထူးမိုးလေဝသသတင်းထုတ်ပြန်၍ အကြံပြု သတိပေးထားသည်။
▪️ ဇွန်၁၀ရက်နေ့ မြန်မာစံတော်ချိန် ၁၆ နာရီ ခွဲအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ဇွန် ၁၀ရက်နေ့ညနေပိုင်းကနေ ၁၆ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေ မှ ၁၁ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 June 2025
▪️ (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင်မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမည်ကြောင်း၊ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင်နိုင်ငံ အဖြစ် ဆောင်ရွက်သွားမည့်အပြင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့် ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုကုန်စည်ပြပွဲသို့ တက်ရောက်ပြသမည့်ကိစ္စရပ်နှင့် ပတ်သက်ပြီးပြည်တွင်း/ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ယခုလ၈ရက် ၊ ရန်ကုန်မြို့၊ UMFCCI အစည်းအဝေးခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများ ဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 June 2025
▪️ လှိုင်သာယာမြို့နယ်ရှိ BOC ပန်းခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန် ၁၁ ရက်နေ့၊ မနက်၉နာရီခွဲ အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်-ညောင်တုန်းလမ်း၊ BOCပန်းခြံရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာကူညီခဲ့ရာ၉နာရီ ၃၅မိနစ်အချိန်တွင် ညှပ်နေသူကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကယ်ထုတ်ပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 10 June 2025
၁။ ရှစ်ရက်အတွင်း ကိုဗစ်လူနာ ၃၁ ဦး တွေ့ရှိ
၂။ သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လို
၃။ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ၌သံဃာတော်၊ သီလရှင်နှင့်လူပုဂ္ဂိုလ် ၅၀၀ကျော်ဝင်ရောက်ဖြေဆို
၄။ အာဖရိကပင်ဂွင်းမျိုးစိတ် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ကြုံတွေ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 June 2025
▪️ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိသတ်မှတ်နေရာများ၌ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှသိရသည်။
▪️ ထိုသို့ကျင်းပရာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများအကျိုးဆောင်အဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ ထို့နောက် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ သ•စ•အ ဓမ္မာစရိယပါဠိပါရဂူ၊ တိပိဋကဓရတိပိဋကကော၀ိဒရွေးချယ်ရေးအဖွဲ့သြ၀ါဒါစရိယ မဟာ၀ိသုဒ္ဓါရုံကျောင်းတိုက်မှဘဒ္ဒန္တသိရိန္ဒာဘိ၀ံသ(ယောဆရာတော်)ထံမှဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည် ကြပြီး ဆက်လက်၍ နယုန်လပြည့် (မဟာသမယအခါတော်နေ့)အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဒေါက်တာနေဝင်း က ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကိုလျှောက်ထားကြောင်း သိရသည်။
▪️ ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များအား ဂေါပကအဖွဲ့၀င်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး
နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဗဟိုဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိ စာသင်တိုက်၊ ပဓာန နာယက၊ ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။
▪️ ထို့နောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာမဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြော်ကြည်ညိုကြသည့်ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအားလက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီးချမ်းသာကြီးတန်ဆောင်းတွင်စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊နတ် ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ် ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပြည်တွင်းမှ အုန်းမှုတ်ခွက်တွေကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ဖို့အတွက် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) မှ စိုက်ပျိုးသူများနှင့် တင်သွင်းသူများထံ ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 June 2025
#အုန်းမှုတ်ခွက် #ကိုရီးယားနိုင်ငံသို့တင်ပို့
#YMG/SW #Yangon_Times
Page 428 of 2436