ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး ဦးတင်မောင်ထွေး (နတ်ရေကန်)ဟာ‘နတ်ရေကန် ရွှေစောင်းဆု’ ဆိုပြီးစာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အနုပညာလောက သားတွေထဲက အနုပညာထူးချွန်သူတွေ၊ လူမှုရေး ထူးချွန်သူတွေကိုပေးအပ်တယ်။၂၀၂၄ခုနှစ်ထဲမှာ သရုပ်ဆောင်ထူးခန့်ကျော်ကို ‘နတ်ရေကန် ရွှေစောင်းဆု’နဲ့ ငွေကျပ် ၁၅သိန်း ပေးအပ်ခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
“ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း” ကာလကို အခုလကုန်အထိတိုးမြှင့်ဆောင်ရွက်နေ တယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ဦးစီးမှုးရုံးက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခြားဒေသ ထွက် သံပုရာသီး တွေ ဈေးကွက် ထဲ အဝင်များ လာတဲ့ အတွက် ရှမ်းပြည်နယ်က ထွက် ရှိတဲ့ သံပုရာသီး မှာ တစ်ပိသာ ကို ကျပ်၅၀၀၀ကျော် ဈေးကျဆင်းလာတယ်လို အောင်ပန်းရှိ ကုန်စိမ်းပွဲရုံ တွေ ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဂျပန်ဘာသာ N-5 Basic သင်တန်းနဲ့ အင်္ဂလိပ်စာသင်တန်းတွေဟာ ပုံမှန်အားဖြင့် ကျပ်တစ်သိန်း ခွဲကုန်ကျမှာဖြစ်ပြီး ပညာဒါနအနေနဲ့ အတန်းပညာမရှိသူတွေကိုရော အတန်းပညာရှိတဲ့သူတွေကိုပါ ကျပ်နှစ်သောင်းနဲ့ တက်နိုင်အောင်ဆောင်ရွက်ပေးမှာဖြစ်တယ်။
(ပွင့်သခင်ဂျပန်နှင့် အင်္ဂလိပ်စာသင်တန်းကျောင်း၊ တည်ထောင်သူ)
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 12 June 2024
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မှ သိရသည်။
အဆိုပါ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူကြောင်း မြန်မာ့မီးရထားက ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
မြို့ပတ်ရထားလမ်းပိုင်းတွင် ဟံသာဝတီဘူတာအသစ်နှင့် တံတားကလေးဘူတာအသစ် တည်ဆောက်သည့် လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားခြင်းဖြစ်ပြီးတင်ဒါပုံစံများကို ဇွန် ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်နေပြီး အဆင့်မြှင့်တင်သည့်လုပ်ငန်းများ ပြီးစီးသွားမည်ဆိုပါက မြန်နှုန်းမြင့် ရထားများအသုံးပြုကာ နေ့စဉ် ရထားစီးခရီးသည် ၂၄၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 12 June 2024
ရုရှားနိုင်ငံမှထုတ်လုပ်သည့်ကင်ဆာဆေးဝါးများမြန်မာသို့တင်သွင်းဖြန့်ချိထုတ်လုပ်နိုင်ရေးနှင့် ရုရှား-မြန်မာပူးပေါင်းပြီး ကင်ဆာရောဂါကုသနိုင်ရေးများကို နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများမှ ကျန်းမာရေးဝန်ကြီးများကဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တက်ရောက်ရန် ရုရှားသို့ ရောက်ရှိနေစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko နှင့် ကိုယ်စားလှယ်အဖွဲ့အား Conference Hall G 1.24 ခန်းမ၌ တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ရေးဆွဲနိုင်ရေးကိစ္စရပ်များ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ သင်ကြားရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာရောဂါကုသမှုနှင့် အခြားရောဂါများ ကုသမှုဆိုင်ရာ ခေတ်မီဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်သွင်း၊ ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ကင်ဆာရောဂါကုသမှု ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ဆေးဘက် ဆိုင်ရာပညာရှင်များ အပြန်အလှန် အတွေ့အကြုံဖလှယ်ရေးနှင့် ဆေးဘက် ဆိုင်ရာညီလာခံ၊ သင်တန်းများ၊ အစည်းအဝေးများသို့ ဖိတ်ကြားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Polysan နှင့် Pharmasyntez ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထုတ်လုပ်သည့် ကင်ဆာရောဂါ ကုသမှုဆေးဝါးများ၊ အခြားခေတ်မီအရည်အသွေးပြည့်ဝသော ဆေးဝါးများ မြန်မာနိုင်ငံသို့ တင်သွင်း၊ ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးလေ့လာခဲ့သည်ဟုဆိုသည်။
ဇွန် ၈ ရက် မနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ Napa-lkov Cancer Center သို့ ရောက်ရှိ၍ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့၊ Napalkov Cancer Center မှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံ ကင်ဆာရောဂါ ဆေးကုသမှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် ကင်ဆာလူနာ မောင်စိုးမင်းသန့်ကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် အစားအသောက်များ ပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Federal State Budgetary Institute Granov Russian Scientific Center of Radiology and Surgical Tech-nologies နှင့် Federal State Budgetary Institute Nikiforov Russian Center for Emergency and Radiation Medicine သို့ သွားရောက်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများ က အဏုမြူရောင်ခြည်ဖြင့် ခေတ်မီကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းဆောင်ရွက်နေမှု၊ ဓာတ်ရောင်ခြည်စက် ကိရိယာအသုံးပြုမှု၊ အဏုမြူရောင်ခြည်ဆေးဝါးထုတ်လုပ်မှု၊ ဓာတ်ရောင်ခြည်ဘေးသင့်လူနာများ အရေးပေါ်ဆေး ကုသမှုလုပ်ငန်းများနှင့် ပြန်လည်သန်စွမ်းရေး ဆေးပညာရပ်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_12 June 2024
အကျဉ်းထောင်မှ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဖြင့် အောင်မြင်သူ တစ်ဦး ပေါ်ထွက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့ ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန် ဗဟို အကျဉ်းထောင်မှ အကျဉ်းသား ၇ ဦးနှင့် မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး၊ စုစုပေါင်း အကျဉ်းသား ၂၃ ဦးအောင် မြင်ခဲ့ကြောင်း သိရသည်။
အောင်မြင်သူများတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၃ ဦး ပါဝင်ကြောင်း၊ ၄ ဘာသာ ဂုဏ်ထူးရှင်သည် ဝိဇ္ဇာ ဘာသာတွဲတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြောင်း သိရသည်။
အလားတူ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း နှင့် လူငယ်သင်တန်း ကျောင်းများမှ လူငယ်သင်တန်းသား ၈ ဦး၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ သင်တန်းသား ၂ ဦး အောင်မြင် ခဲ့ကြောင်းလည်း သိရသည်။
အကျဉ်းသား၊အကျဉ်းသူများ၏ ပညာသင်ယူခွင့် အ ခွင့်အရေး ဆက်လက်ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 429 of 2032