ပြည်တွင်းမှ အုန်းမှုတ်ခွက်တွေကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ဖို့အတွက် မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) မှ စိုက်ပျိုးသူများနှင့် တင်သွင်းသူများထံ ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 10 June 2025
#အုန်းမှုတ်ခွက် #ကိုရီးယားနိုင်ငံသို့တင်ပို့
#YMG/SW #Yangon_Times
ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲမှာ သံဃာတော်၊ သီလရှင်နဲ့ လူပုဂ္ဂိုလ် ၅၀၀ကျော်ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ မြို့နယ်သံဃ မဟာနာယကအဖွဲ့ထံက သိရပါတယ်။
#Local_News
Published 10 June 2025
#ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ #သီလရှင်နှင့်လူပုဂ္ဂိုလ်၅၀၀ကျော်ဝင်ရောက်ဖြေဆို
#YMG/NN #Yangon_Times
ပြည်ပပို့ကုန်မြှင့်တင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမှာဖြစ်တာနဲ့အညီ သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပိုနိုင်ရေး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။
#Local_News
Published 10 June 2025
#သီလဝါအထူးစီးပွားရေးဇုန် #ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်
#YMG/SW #Yangon_Times
#Local_News
၁၀ ဇွန် ၂၀၂၅
▪️ မြန်မာ့တပ်မတော်(လေ)၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ယနေ့မွန်းလဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ပျက်ကျခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
▪️ အဆိုပါ တိုက်ခိုက်ရေးလေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာ အနီးသို့အရောက်ရုတ်တရက်စက်ချို့ယွင်းကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
▪️ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လေယာဉ်စက်ချို့ယွင်းရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပျက်ကျတဲ့လေယာဉ်အမျိုးအစားကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
#ymg/knl
ရန်ကုန်တိုင်းဒေသကြီးမှာ ရှစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၃၁) ဦး အထိတွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၉ရက်နေ့၊ ယမန်နေ့ည ၈နာရီအချိန် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 10 June 2025
#ကိုဗစ်လူနာ၃၁ဦးတွေ့ရှိ #ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ
#YMG/NN #Yangon_Times
#Local_News
Published 10 June 2025
▪️ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ငလျင်ဒဏ်သင့်ဒေသများသို ကျပ်သိန်းပေါင်း ၃,၀၀၀ကျော်သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ဇွန် ၇ ရက်နှင့် ၈ ရက်နေ့များ၌ မြန်မာ-တရုတ် ချစ်ကြည်ရေအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များသို့ သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျောင်းတိုက် ငလျင်ဒဏ်သင့် သိမ်ပြန်လည်တည်ဆောက်ရန်၊ ပျဉ်းမနားမြို့နယ်၊ ကျောင်းကုန်းပရိယတ္တိကျောင်းတိုက်၊ နံတော်စဉ်ပရိယတ္တိစာသင်တိုက်၊ တောင်သာ ဘိုးဘွားရိပ်သာ၊ သန္တာရာမ သီလရှင်စာသင်တိုက်၊ ကင်မွန်းတန်းသိမ် ဆွမ်းစားကျောင်း၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်(အလယ်ရွာ) ကျောင်းတိုအတွက် အလှူငွေ သိန်း(၂၅၀၀)ကိုလည်းကောင်း၊ ဇွန် ၂ ရက်နှင့် ၃ ရက်တိုတွင်လည်း စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ၏ နေအိမ်(၂)လုံး ဆောက်လုပ်ရန်၊ စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ စစ်ကိုင်းပြည်သူ့ဆေးရုံကြီး အီးစီဂျီစက်နှင့် လိုအပ်သောဆေးဝါးများ ဝယ်ယူရန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး အီးစီဂျီစက် (၂)လုံး၊ ချွဲစုပ်စက် (၂)လုံးနှင့် သွေးစစ်ဌာနနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ (၂)လစာ ဝယ်ယူရန်အတွက် စုစုပေါင်း အလှူငွေ (၇၀၈)သိန်းကို လည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 June 2025
▪️ ကိုရီးယားကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းတွင် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကိုရီးယားကြက်ခြေနီအသင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် နည်းပညာပိုင်းနှင့်တကွ ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင်ပြုလုပ်ခဲ့သည့်Debriefing Sessionတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ Debriefing Session သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms.Nadia Khoury ၊ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr. KIM Jae Ryu, Head of International Cooperation Team နှင့် Mr. KOO Young Pyo, Deputy Head, International Cooperation Team တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မန္တလေးနှင့်စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်းလေ့လာခဲ့သော ကိုရီးယားကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်(၃)ဦးတို့က ၎င်းတို့ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 426 of 2433