#Local_News
Published 25 June  2025

▪️ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအဖွဲ့ချုပ်မှကြီးမှူး၍ 'ရွှေလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး' အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ UMFCCI မင်္ဂလာခန်းမ
၌ ဇွန်လ၂၉ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

▪️ အဆိုပါ ဆွေးနွေးပွဲကို ညမနက် ၉ နာရီ ညနေ ၄နာရီအထိ ကျင်းပသွားမည်ဖြစ်ကာ ရွှေတုံးရွှေခဲများကိုတရားမဝင်ရောင်းချနေခြင်းမှ တရားဝင်ရောင်းဝယ်ခြင်းလမ်းကြောင်းရောက်အောင်အကြံပြုဆွေးနွေးခြင်း၊(ရောင်း/ဝယ်ကွာသင့်အမြတ်ကိုလည်းဆွေးနွေးခြင်း)ထည့်သွင်းစဥ်းစားဆွေးနွေးသင့်သောအချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် ရွေနှင့်ငွေကြေးထိန်းသိမ်းစောင့်ကြည့်ရေးကော်မတီနှင့်ဌာနဆိုင်ရာများ၏ ညွန်ကြားချက်များကြီးကြပ်ဆောင်ရွက်ချက်များ၊ ပြည်တွင်းရွှေစျေးနှုန်းကိုပြည်ထုတ်လုပ်မှုဖြင့် သီးခြားသတ်မှတ်လို့ရမရ၊ ပြည်တွင်းရောင်းလိုအားဝယ်လိုအား မြန်မာရွှေတုံး၏ standard ဘယ်လို သတ်မှတ်သင့်သလဲ လိုင်စင်မဲ့လုပ်ကိုင်သူကြပ်မတ်ပုံအဆင့်ဆင့်၊ အရပ်ဝယ်လက်ဝင်ရောက် ရောင်းဝယ်ပုံ၊ ရွှေတုံးရွှေခဲသီးသန့်စျေးကွက်ထူထောင်ထားရှိခြင်းနှင့်ကြပ်မတ်ခြင်း၊ တရားဝင်/တရားမဝင်ရွေထုတ်လုပ်ခြင်းနှင့်ရွှေသန့်စင်လုပ်ငန်းများ၊ စျေးကွက်ဆက်စပ်မှု နိုင်ငံတကာစျေးကွက်နှင့်ဆက်စပ်၍ ပြည်ပထုတ်ရောင်းချခြင်းဝယ်ယူတင်သွင်းခြင်းများကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲသို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူများ အနေဖြင့် မဖြစ်မနေတက်ရောက်ပေးရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

#YMG/NN #Yangon_Times