#Local_News
Published 25 June  2025

▪️ ရွှေညောင်မြို့၌ ရပ်ထားသည့် ၂၂ ဘီး ကျောက်မီးသွေးတင်ယာဉ်အား ၆ဘီး ကားမှ နောက်မှဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရရှိ၍ ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဇွန်လ၂၄ ရက်နေ့၊ ည ၁၀နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးတိုးဂိတ်အနီးတွင် Hinoအမျိုးအစား(၆)ဘီးအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်တွင် ရပ်ထားသော Dong Feng အမျိုးအစား(၂၂)ဘီး ကျောက်မီးသွေးတင်ယာဉ်အား နောက်မှဝင်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရွှေညောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကာ အဆိုပါယာဉ်တိုက်မှုကြောင့် (၆)ဘီးယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကမ္ဘောဇလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် စပ်စံထွန်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times