Published 6 May 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
မေလ၆ရက်မနက်၃နာရီ၃၅မိနစ်က စ တင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့များအနေဖြင့် ၇နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။
""မနက် ၃နာရီခွဲ ကတည်းက လောင်တာ ၁၁နာရီ အထိ မီးထိန်း ပဲ ထိန်းနိုင်သေးတယ် မငြှိမ်းသေးလို့ မီးကျွင်း မီးကျန်တွေ ဆက်ငြှိမ်းနေရတယ်""ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
အဆိုပါ မီးလောင် မှု ကြောင့် အမှိုက် ပုံ နားရှိ နေအိမ် အချို့လဲ မီးလောင်သွားခဲ့ကြောင်း သိရသည်။
အမှိုက်ပုံ မီးလောင်မှု ကို အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ က ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Photo-Than Htay- FB
#Local_News/LW
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
Published_ 06 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှု ယနေ့တွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မှ သိရသည်။
ဖြစ်စဉ် မေလ ၆ ရက်နေ့၊ မနက်၁၀ နာရီ ၄၈ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၀နာရီ ၅၈ မိနစ်အချိန် ၌မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
6 May 2024
ဆော်ဒီအာရေဗျနိုင်ငံ၊ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည့် မြန်မာအမျိုးသမီး မခင်မျိုးမျိုးဦးကိုမြန်မာသံရုံးမှကူညီပြီး မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံမှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒူဘိုင်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ရန်ကုန်မြို့သို့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်ဟုဆိုသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရမှု နှင့်စပ်လျဉ်း၍ မခင်မျိုးမျိုးဦးက “ကျွန်မက ဒလမြို့နယ်ကပါ။ မြန်မာအေးဂျင့်နဲ့ ဆက်သွယ်ပြီး ဒူဘိုင်းကို ရောက်သွားတယ်။ ဒူဘိုင်းမှာ ရက် ၂၀ လောက်နေပြီး ဆော်ဒီအာရေဗျမှာ အလုပ်ရှိတယ်ဆိုပြီး ရောက်သွားတာပါ။ အလုပ်ရှင်ရဲ့ အိမ်မှာ တစ်နေ့ ကို ၅ နာရီနီးပါးပဲ အိပ်ပြီး အလုပ်လုပ်ရတယ်။ အခက်အခဲဆုံးအခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဓာတ်လိုက်ပြီးလဲကျသွားတယ်။ လက်ကိုကွေးလို့မရတော့ဘူး၊ မြန်မာသံရုံးက ကုသပေးလို့ ကောင်းသွားတာပါ။ လုပ်ခလစာတော့ပေးတယ်။ အခက်အခဲကြုံရချိန်မှာ မြန်မာသံရုံးမှာ မြန်မာတစ်ဦးတော့ ရှိမှာပဲဆိုပြီး အားကိုးတဲ့စိတ်နဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ သံမှူးကြီးက ထွက်ခေါ်တော့ အတိုင်းမသိဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့တယ်။ အစစအရာရာ အားလုံးကို သံရုံးက မိဘသဖွယ်ကူညီတဲ့အတွက် ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိပါဘူး” ဟု ကြုံခဲ့ရမှုတို့ကို ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာ၌ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
၆ မေ ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ရှိ ကလင်းကမ်းခြေမှာ ရေမကူးရလို့ အန္တရာယ်သတိပေးထားတဲ့ နေရာမှာ ရေဆင်းကူးမိတဲ့ မြန်မာ လူငယ်တစ်ဦး မေလ ၅ ရက် တနင်္ဂနွေနေ့က ရေနစ်သေဆုံးသွားခဲ့ရပါတယ်။
အသက် ၂၀ အရွယ်ရှိ မြန်မာလူငယ် နေမျိုးဇော်ဟာ ရေမကူးရ အနီရောင်အလံစိုက်ထားတဲ့ ကမ်းခြေနေရာမှာ သူ့သူငယ်ချင်းတွေနှင့်အတူ ရေကူးခဲ့ရင်း ရေနစ်သေဆုံးသွားတာဖြစ်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။
မေလ ၅ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၂၃ မိနစ်မှာ ဒေသအာဏာပိုင်တွေထံ အဆိုပါကိစ္စ အကြောင်းကြားချက် လက်ခံရရှိခဲ့ပါတယ်။
နေမျိုးဇော်ဟာ သူငယ်ချင်း (၃)ဦးနှင့်အတူ ကမ်းခြေကို အပန်းဖြေဖို့ရည်ရွယ်ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ ဂစ်တာတွေတီးပြီး အရက်သေစာသောက်စားခဲ့ကြပါတယ်။ ဒါပေမယ့် နေမျိုးဇော်နှင့် နောက်သူငယ်ချင်းတစ်ယောက်တို့ဟာ အန္တရာယ်အနီရောင်သတိပေးချက်ကို လျစ်လျူရှုပြီး ရေဆင်းကူးဖို့ ဆုံးဖြတ်ပြီးနောက် သူတို့ရဲ့ပျော်ရွှင်ဖွယ်ရာနေ့ကလေးဟာ ကြေကွဲစရာအဖြစ်ပြောင်းလဲသွားရပါတော့တယ်။
သူတို့နှစ်ဦးဟာ ရေထဲဆင်းလိုက်တာနှင့် ရေစီးက သူတို့ကိုဆွဲဆုတ်လိုက်ပြီး ပင်လယ်ထဲ ဆွဲချသွားတာကို သိလိုက်ကြရပါတယ်။ ပါတောင်သက်စောင့်အဖွဲ့တွေဟာ သိသိချင်းကယ်တင်ဖို့ကြိုးစားကြပါတယ်။ စပိဘုတ်ခ်ကိုမောင်းပြီး ရေနစ်နေသူတွေထံကယ်ဖို့ကြိုးစားကြပါတယ်။ တစ်ပြိုင်နက်တည်းလိုပဲ ကူဆိုဟမ်ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်သားတွေကလည်း အတူဝိုင်းပြီးကယ်ဆယ်ရေးမှာ ကူညီကြပါတယ်။
သူတို့ကြိုးစားပြီးကယ်ခဲ့ပေမယ့် ရေနစ်နေသူနှစ်ဦးထဲက တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပျောက်ဆုံးနေတဲ့ နေမျိုးဇော်ကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ နေမျိုးဇော်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူတို့ပြန်ရှာတွေ့ခဲ့ကြတယ်လို့ သတင်းများကရေးပါတယ်။
@ymg/knl
စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ မသမာသော ရည်ရွယ်ချက်ဖြင့် စားအုန်းဆီကို အခြားဆီတွေ ရောနှော ရောင်းချတာတွေ မပြုလုပ်ဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Yangon_Times/LW
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_04 May 2024
၁။ ရွှေတိဂုံစေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် စီစဉ်ဆောင်ရွက်နေ၊ မိုးကုန်မှစနိုင်မည်ခန့်မှန်း
၂။ ရာသီချိန်ဖြစ်သော်လည်း ထန်းလျက်ကုန်အဝင်နည်းပြီး စျေးမြင့်နေ
၃။ သက်ြန်ကာလနောက်ပိုင်း ပြောင်းဈေး ပြန်တက်နေ
၄။ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းလာကာ အစားအသောက်နှင့် အခြားစရိတ်စကများမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိုးခေါ်ပွဲတွေကို မြန်မာနိုင်ငံမှာသာမက နိုင်ငံတော်တော်များများမှာလည်း ဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံရိုးရာ မိုးခေါ်ပွဲကို ယူနက်စကိုက အသိအမှတ်ပြုအောင်ရည်ရွယ်ကျင်းပတာဖြစ်တယ်။
Yangon_Times/tthl
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 431 of 1970