#Local_News
Published 5 June 2025

▪️ မြေနီကုန်းဂုံးတံတားအပေါ်လူတစ်ဦးအားကားတစ်စီးမှတိုက်ပြေးမှုတစ်ခု ယမန်နေ့ ညပိုင်းက ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

▪️ ဇွန်လ ၄ရက်နေ့ ည၉နာရီ ၄၅မိနစ်အချိန်ခန့်က စမ်းချောင်းမြို့နယ် ပြည်လမ်း မြေနီကုန်းဂုံးတံတားပေါ်တွင် လူတစ်ဦးအား ကားတစ်စီးမှတိုက်ပြေးမှုဖြစ်ပွါးခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှအရေးပေါ်လူနာတင်ယာဉ်တစ်စီးထွက်ခွါ၍ကူညီ လူနာအားလိုအပ်သည့်မြေပြင်ကုသမှုများပြုလုပ်ပေး၍ကူညီပေးခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ လူနာအား အခင်းဖြစ်ပွါးရာသို့ ကနဦးရောက်ရှိနေသည့်ပြည်သူ့+လူရွှင်တော်ပရဟိတအသင်းလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့ဆက်လက်၍ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Crd - အနာဂတ်အလင်းတန်းပရဟိတအသင်း
#YMG/SW #Yangon_Times