#Local_News
Published 5 June 2025

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ထိုင်းဘတ် ငွေ ၂သန်းအပြင်အမေရိကန်ဒေါ်လာနှင့်တရုတ်ယွမ် ၇သိန်းကျော်ကို ဇွန်လ ၄ ရက်နေ့မှာ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။

▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည် ဖြစ်ကြောင်း  ဇွန်လ ၄ ရက်နေ့က  ကြေညာခဲ့ပြီးနောက်  ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၆၁၀ ကျပ်နှင့်  အမေရိကန်ဒေါ်လာ ၄၂၂,၀၀၀ ၊ ငွေလဲနှုန်း ၅၄၈.၂၄ ကျပ်နှင့် တရုတ်ယွမ် ၃၄၅,၈၅၂ ၊ ငွေလဲနှုန်း ၁၃၂.၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၂.၁၁၀ သန်းကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times