#Local_News
Published 3 June 2025
▪️ ထိုင်းဘတ်ငွေလေးသန်းကျော်နှင့် တရုတ်ယွမ်ငါးသိန်းကျော် မြန်မာနိုင်ငံ ဗဟိုဘဏ် က ယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၈ဒဿမ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၅၇၉,၉၀၀ ကိုထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၂ဒဿမ ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၄ဒဿမ ၇၂၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ဗဟိုဘဏ် နိုင်ငံခြားငွေဈေးကွက် ထဲသို့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေများကိုဆက်တိုက်ထုတ်ရောင်းပေးနေကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် မေလ ၃၀ ရက်နေ့ကလည်း ငွေလဲနှုန်း ၅၄၆ဒသမ၆ ကျပ်နှင့် တရုတ်ယွမ် ၆၁၃,၅၄၄ဒသမ၆၇ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၄ ကျပ်ဖြင့် ထိုင်းဘတ် ၂ဒသမ၄၃၀ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ EV ကား၊ စက်ယန္တရားများနှင့် ကုန်ပစ္စည်းမျိုးစုံကို အထူးစျေးနှုန်းဖြင့်ဝယ်ယူနိုင်မည့် ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC)တွင် ယခုလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကို လာမည့် ဇွန်လ ၆ ရက်မှ ဇွန်လ ၈ ရက်အထိ နေ့စဥ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၃ ရက်ကြာကျင်းပသွားမည် ဖြစ်သည်။
▪️ ယင်းပြပွဲတွင် ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများနှင့် အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများဖြစ်သည့် EV ကားများ၊ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားများကို ခင်းကျင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ပြပွဲတွင် နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကံစမ်းမဲအစီအစဥ်များကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPA) နှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)တို့ ပူးပေါင်းပြီး“မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်”ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို သစ်ပင်စိုက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် ရည်ရွယ်၍ လှည်းကူးရှိ ရုပ်ရှင်မြို့တော် ဧက(၂၀၀)စီမံကိန်းအတွင်း ဇွန်လ၁၅ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရုပ်ရှင်အနုပညာရှင်များ၊ ဆောက်လုပ်ရေးလောကနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများဖြင့် စည်ကားစွာ ပြုလုပ်သွားမည်ဖြစ်ေကြာင်း သိရသည်။
▪️ ထို့ကြောင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ MCEF နှင့်အတူပူးပေါင်းပါဝင်လိုသည့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များအေနဖြင့် အမှတ် (၃) ၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ သု၀ဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အသင်းရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 3 June 2025
▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်အပတ်တွင်ကိုဗစ်လူနာသစ် ၁၇ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းေကြာင့်နှစ်ပတ်အတွင်း ကိုဗစ်လူနာ၂၃ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
▪️ (၂၅-၅-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁-၆-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၇၇၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇)ဦး တွေ့ရှိရကြောင်း၊
▪️ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၉၆) ရာခိုင်နှုန်းဖြစ်ေကြာင်း၊ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ပြီးခဲ့သည့်မေလ ၁၈ ရက်မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇၅၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ပိုးတွေ့အတည်ပြုလူနာသစ် (၆) ဦးကို တွေ့ရှိခဲ့ပြီး ဒဂုံမြို့နယ်မှ (၂) ဦး၊ အင်းစိန်မြို့နယ်မှ (၁) ဦး၊ သာကေတမြို့နယ်မှ (၁) ဦး၊ ကော့မှူးမြို့နယ်မှ (၁) ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ (၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွေ့ရှိရသည့် ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများ ဖြစ်၍ ယခု ထိုးနှံပေးနေသည့် ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ၊ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 2 June 2025
၁။ ဘူဆန်နိုင်ငံတကာ ပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲအတွက် ပြခန်းအခမဲ့ရရှိမည်
၂။ သီလဝါနှင့်အိမ်ရာလေးခုမှ အခန်းပေါင်း၂၅၀ခန့်အား အိမ်ရာချေးငွေဖြင့် ရောင်းချမည်
၃။ မြစ်ကြီးနားမြို့မှ ရေဘေးသင့်သူများအားကယ်ဆယ်ရွှေ့ပြောင်း၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက်ဆက်ကျော်နိုင်ဟု သတိပေး
၄။ ဂါဇာစစ်ပွဲရက်(၆၀၀)ပြည့်ပြီးချိန်၌ စစ်ဘေးဒဏ်ပါလက်စ်တိုင်းများခံစားနေရသည့် ဒုက္ခဘေးများအကြောင်းဖွင့်ဟ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ စားအုန်းဆီတွေကို ဈေးနှုန်းတင် ရောင်းချ ခြင်းမရှိစေဖို့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 2 June 2025
#စားအုန်းဆီ #ဈေးနှုန်းတင်ရောင်းချခြင်းမရှိ
#YMG/SW #Yangon_Times
မြစ်ကြီးနားမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့လို့ ရေဘေးသင့်သူတွေကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသလို ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ထက်ထပ်မံမြင့်တက်နိုင်တာကြောင့် မြစ်ကမ်းနားအနီးနဲ့မြေနိမ့်ဒေသတွေမှာနေထိုင်သူတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာ သတိပေးထားပါတယ်။
#Local_News
Published 2 June 2025
#ရေဘေးသင့်သူများအားကယ်ဆယ်ရွှေ့ပြောင်း #မြစ်ကြီးနားမြို့
#YMG/NN #Yangon_Times
Page 434 of 2433