ရန်ကုန်မြို့မှာသုံးရက်ကြာကျင်းပနေတဲ့ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်မှာ မြေပဲဆီနဲ့ နှမ်းဆီတွေအကန့်အသတ်မရှိ ရောင်းချပေးနေတာကြောင့် လွတ်လပ်စွာ ဝယ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
#Local_News
Published 9 November 2024
#တန်ဆောင်တိုင်ဈေးရောင်းပွဲတော် #မြေပဲဆီနှင့်နှမ်းဆီရောင်းချပေး
#YMG/NN #Yangon_Times
လေအေးနဲ့လေနွေးတွေ့ဆုံမှုအပြင် လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်လာပြီး မိုးသည်းဦးမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 9 November 2024
#လေအေးနဲ့လေနွေးတွေ့ဆုံ #မိုးသည်းဦးမည်
#YMG/tthl #Yangon_Times
ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန်လေးသိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်လျာထားချက်ထက်ကျော်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 9 November 2024
#ဆန်နှင့်ဆန်ကွဲ #ပို့ကုန်လျာထားချက်ထက်ကျော်လွန်
#YMG/NN #Yangon_Times
တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ မူလက ကျင်းပမယ့်နိုဝင်ဘာလ(၉)ရက်မှာ မကျင်းပဖြစ်ဘဲ နောက်နှစ်ရက်ဆုတ်ကာ နိုဝင်ဘာ(၁၁)ရက်နေ(၁၇)ရက်အထိရက်အထိပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်။
#Local_News
Published 9 November 2024
#ရာသီဥတုအခြေအနေ #တောင်ကြီးတန်ဆောင်ရက်ပြောင်း
#YMG/tthl #Yangon_Times
#Local_News
Published 9 November 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ကျိုက်လတ်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍
သစ်ပင်များ လဲကျမှုများယနေ့မနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ နိုဝင်ဘာ ၈ ရက်နေ့၊ မနက် ၄နာရီ၂၂မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ (၆)ဖြတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပျော့အိမှုကြောင့်လမ်းမပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မနက် ၅နာရီ အချိန်တွင်ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 November 2024
▪️ ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ညက ကွယ်လွန်ခဲ့သော လျှပ်စစ်ဝန်ကြီးဟောင်း
ဦးဝင်းခိုင်အသုဘကို ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ကြာနီကန် သုဿာန်၌ပြုလုပ်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
▪️ အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်သည် အကျဉ်းကျနေစဉ် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊(၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကု သမှုခံနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဦးဝင်းခိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ ဖြင့် အမှုဖွင့်တရားစီရင်ကာ ထောင်ဒဏ် ၂၈နှစ် ချမှတ်ခံခဲ့ထားခြင်းဖြစ်ပြီး မန္တလေးဆေးရုံကြီးသို့ပြောင်းရွှေ့ကုသမှုခံယူနေစဉ်အောက်တိုဘာလ၂၉ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။
▪️ သူ့တွင် နှလုံးသွေးကြောကျဉ်းရောဂါ ရှိနေသည့်အတွက် လွန်ခဲ့သော၂၀၂၃ ခုနှစ် ဇွန်လကလည်း မန္တလေးဆေးရုံကြီးသို့တက်၍ ကုသမှုခံယူခဲ့ရသေးကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 9 November 2024
မော်လမြိုင်မြို့ ၊ရိုးဂိုးကျေးရွာရှိ မင်းသန့် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုတွင် ဒဏ်ရာရခဲ့သည့် စက်သုံးဆီဆိုင်ရှင်၏ သားကို ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ကျန်ဒဏ်ရာရရှိသူ ၂၁ဦးမှာ မော်လမြိုင်ဆေးရုံကြီး၌ ဆက်လက်ကုသမှုခံယူနေ ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုတွင် မီးငြှိမ်းသတ်နေသူ ၂၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆီဘောက်ဆာ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျန်ရှိသည့် ဒဏ်ရာရရှိသူများတွင် ပါဝင်သော ဆိုင်ပိုင်ရှင်၏သားဖြစ်သူမှာ စိုးရိမ်ရသဖြင့် မော်လမြိုင် ဆေးရုံကြီးတွင် ကုသမှုခံယူနေရာမှ နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်က မော်လမြိုင်လေဆိပ်မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်-မုဒုံသွားလမ်းမကြီး၊ ရိုးဂိုးကျေးရွာလမ်းဝရှိ မင်းသန့် စက်သုံးဆီဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းရာမှု ဖြစ်ပွားရာမှတဆင့် ပေါက် ကွဲမှုနှစ်ကြိမ်ဆက် တိုက်ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဆီဆိုင်ပိုင်ရှင်သား၊ ဆီဘောက်ဆာ ယာဉ်မောင်း (သေဆုံး) ၊ မီးသတ် ဝန်ထမ်း ကိုးဦး၊လူမှုကူညီရေးအဖွဲ့ ငါးဖွဲ့ မှ ၁၂ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 438 of 2199