#Local_News
Published 6 June 2025
▪️ စေလွှတ်အလုပ်သမားများ၏ မေလအတွက် မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထားတင်ပြရန် ကျန်ရှိနေသော ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ယခုလ ၁၀ရက် နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel မှ ယနေ့ ထုတ်ပြန်ထားသည်။
▪️ နိုင်ငံအလိုက်စေလွှတ်ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ မေလအတွက် မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထား တင်ပြခြင်းမရှိသေး သည့် အေဂျင်စီပေါင်း ၁၃၀ရှိပြီး အဆိုပါ အေဂျင်စီများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
▪️ အဆိုပါ အမည်စာရင်းပါဝင်သူများသည် ၁၀-၆-၂၀၂၅ ရက် ညနေ ၅နာရီ နောက်ဆုံး ထား၍ dolmigrationremittance@gmail ပေးပို့ရန်နှင့် အချိန်မီပေးပို့ခြင်းမရှိပါက Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်း ခံရမည့်အပြင် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times