#Local_News
Published 26 September 2024
ရန်ကုန်မြို့၌ Yangon International Trade Expo 2024 ကိုလာမည့် အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Networking Exhibition တစ်ခုဖြစ်သည့် Yangon International Trade Expo 2024 ကို ရန်ကုန်မြို့ရှိ Yangon Convention Center-YCC တွင် အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကိုပြပွဲအတွင်း လေ့လာနိုင်မည်ဖြစ်ပြီး ယင်းပြပွဲ၌ ဆောက်လုပ်ရေး၊ စက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ၊ အိမ်ခြံမြေနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ IT ဆက်သွယ်ရေးနည်းပညာနှင့် Renewable Energy ဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများနှင့်အခြားသော ၀န်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 25 September 2024
၁။ EV ကားများအပါအဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၆ သန်းကျော်ရှိ
၂။ ရှမ်းကုန်များ ရန်ကုန်ပြန်ဆင်းလာသော်လည်း ကုန်စိမ်းအချို့ဈေးဆက်တက်
၃။ နောက်(၄၈)နာရီအတွင်း ဒေသ(၁၂)ခု၌ မိုးကြီးပြီး လေပြင်းတိုက်ခတ်မည်
၄။ နှစ်၃၀လုံးလုံး ဘတ်စ်ကားမောင်းခဲ့သည့် ယာဉ်မောင်းကြီးကို အငြိမ်းစားမယူခင် နောက်ဆုံးအခေါက် ခရီးသည်များက ကားပေါ်တွင်နှုတ်ဆက်ပွဲကျင်းပပေးခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 September 2024
▪️ မြန်မာရေဘေးသင့်ပြည်သူများအတွက်ပြင်သစ် - မြန်မာကုန်သည်ကြီးများအသင်းနှင့် ကုမ္ပဏီများမှကျပ်သိန်း(၆၀၀)တန်ဖိုးရှိပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
▪️ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူမှုကရုဏာအကူအညီများပေးရာတွင် အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်သည်။
▪️ မြန်မာရေဘေးသင့်ပြည်သူများအတွက် ပြင်သစ် - မြန်မာကုန်သည်ကြီးများအသင်းနှင့် ကုမ္ပဏီများ၊ မိတ်ဖက်အဖွဲ့အစည်းများ မှ ကျပ်သိန်း (၆၀,၆၀၀,၀၀၀) တန်ဖိုးနှင့်ညီမျှသော Basic Food Pack အရေအတွက် - ၅၀၀ နှင့် Hygiene Parcel - ၈၀၀ ကို ကြက်ခြေနီအသင်းရုံးခွဲသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 25 September 2024
▪️ ကရင်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေနစ်မြုပ်၍ မိုးစပါး(၁၄၄၅၀)ဧကခန့်ပျက်စီးခဲ့ကြောင်း သိရသည်။
▪️ စက်တင်ဘာလ (ဒုတိယအကြိမ်) ရေကြီး ရေလျှံမှုတွင် မိုးစပါး ၃၅၃၉၁ ဧကခန့်ရေကြီးနစ်မြုပ်ခဲ့ကာ ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၅၀ ဧကခန့်ပျက်စီးခဲ့သည်။
▪️ အဆိုပါထိခိုက်ပျက်စီးမှုကို ကရင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ရက်(၉၀)မျိုးစပါး တင်း ၂၀၀၀ ခန့်အား ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့ကို အဓိကထားထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ အရည်အသွေးမြင့်မားသည့် သွင်းအားစုများကို အချိန်ကိုက်အချိုးညီ ထည့်သွင်းနိုင်ရေးနှင့် တောင်သူစိတ်ဓာတ် မြင့်တင်ရေးအပိုင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးနည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဌာနရှိ ယန္တရားများအပြင် အစုအဖွဲ့များ၊ တောင်သူများရှိ ယန္တရားများကိုပါ စုဖွဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
တပ်ကုန်းမြို့နယ်၊ မကျည်းပင်ကျေးရွာမှာ ရေထဲမျောပါပျက်စီးသွားတဲ့နေအိမ်စုစုပေါင်း (၁၀၀)ကျော်ရှိပြီး အဲဒီ့နေအိမ်တွေကအိမ်ထောင်စုတွေကို စာရင်းကောက်ယူပြီး ထောက်ပံ့ကူညီဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 25 September 2024
#တပ်ကုန်းရှိကျေးရွာ #ရေထဲမျောပါပျက်စီး
#YMG/tthl #Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက်(၄၈) နာရီအတွင်း ဒေသ(၁၂)ခုမှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်နိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 25 September 2024
#နောက်(၄၈)နာရီ #မိုးကြီးပြီးလေပြင်းတိုက်
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသထွက်ကုန်တွေ ရန်ကုန်ပြန်ဆင်းလာ
ပေမယ့် အရင်ကလောက်မများသေးတာကြောင့် ကုန်စိမ်းအချို့ဈေးဆက်တက်နေတယ်လို့ ပွဲရုံတွေက သိရပါတယ်။
#Local_News
Published 25 September 2024
#ကုန်စိမ်းအချို့ဈေးဆက်တက် #အောင်ပန်းဒေသထွက်ကုန်
#YMG/NN #Yangon_Times
Page 442 of 2157