#Local_News
Published 25 June 2025
▪️ ခေါတ်သစ် မြန်မာ့အလှမောင်ပြိုင်ပွဲ Mister Myanmar 2025အတွက် ပဏာမလူရွေးပွဲကို ဇူလိုင်လ၁ရက်တွင် The Eravati Sule Grand Hotel , Yangon၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mister International 2025ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထို့ကြောင့်ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၇.၆.၂၀၂၅ နေ့ နောက်ဆုံးထားပြီး Google formမှတဆင့် လျောက်လွှာတင်သွင်းရမည်ဖြစ်ပြီး၂၈.၆.၂၀၂၅ တွင် ပဏာမလူရွေးပွဲ တက်ရောက်ရန် ရွေးချယ်ခံရသူများစာရင်းကို ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖိုင်နယ်ပြိုင်ပွဲကြီးကို ဇူလိုင်လ၁၉ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး Winner ဆုအပါအဝင်ဆုအမျိုးအစားပေါင်း ၁၃ဆု နှင့်Sponsor title awards များစွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)တွင် အိမ်ရာစုဆောင်းငွေစာရင်း (Housing Saving)ကျပ်(၃၀)သိန်းနှင့်အထက်ပြည့်မီအောင် စုဆောင်းထားရှိသူနှစ်ထောင်ကျော်ကို အိမ်ရာအခန်းများဝယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2025
#အိမ်ရာအခန်းများဝယ်ယူခွင့်ပြု #CHID
#YMG/SW #Yangon_Times
ဥရောပသမဂ္ဂ (EU) မှ ငွေကြေးထောက်ပံ့ထားတဲ့ “မြန်မာနိုင်ငံရှိ တိရစ္ဆာန်အစာတန်ဖိုးကွင်းဆက်ဆိုင်ရာ စီးပွားရေးစက်ဝန်းကို အားကောင်းလာစေရေး – စိမ်းလန်း မြန်မာ” စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2025
#စိမ်းလန်းမြန်မာစီမံကိန်း #EU
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် (၅)လတာကာလအတွင်းမှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အာရှနဲ့ဥရောပခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 25 June 2025
#ရွှေတိဂုံစေတီတော်မြတ်ကြီး #အာရှနဲ့ဥရောပခရီးသွားဧည့်သည်
#YMG/NN #Yangon_Times
နိုင်ငံတကာအရေးတွေကြောင့် ကမ္ဘာ့ရွှေဈေးယမန်နေ့က တစ်ရက်ထဲတစ်အောင်စကိုအမေရိကန် ဒေါ်လာ ၆၀ နီးပါးကျဆင်းလာပြီး ပြည်တွင်း ရွှေဈေးပါ လိုက်ပါကျဆင်းလာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 25 June 2025
#ကမ္ဘာ့ရွှေဈေး #ပြည်တွင်းဈေးပါကျ
#YMG/NN #Yangon_Times
#Local_News
Published 25 June 2025
▪️ မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေး မြို့ရှိSky Villa ကွန်ဒို၌အပျက်အစီးဖယ်ရှားခြင်းနှင့် ရုပ်အလောင်း ရှာဖွေထုတ်ယူခြင်းများဆက်လက်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က အဆိုပါအဆောက်အအုံအောက်မှ ရွှေ ၈၈ ကျပ်သားနှင့် ကျပ်သိန်း ၂၈၀ ကျော် အပါအဝင် တခြားတန်ဖိုးကြီး ပစ္စည်းများစွာထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါအဆောက်အအုံ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က Sky Villa အဆောက်အဦး၏ B အဆောင်၊ အခန်းအမှတ် L9 ကနေ မြန်မာငွေ ၂၈,၅၀၀,၀၀၀ ကျပ် (နှစ်ရာရှစ်ဆယ့်ငါးသိန်း)၊ ရွှေ ၁၀ ကျပ်သား (၈) တုံး၊ ရွှေ ၁ ကျပ်သား (၆) တုံး၊ ရွှေ ၂ ကျပ်သား (၁) တုံး၊ ရွှေကလစ် (၁) ခု၊ ရွှေနားကပ် (၆) ရံ၊ရွှေလက်စွပ် (၁၇) ကွင်း၊ ရွှေဆွဲသီး (၅) ခု၊ ရွှေဟန်းချိန် (၁) ခု၊ ရွှေလက်ကောက် (၂၁) ကွင်း၊ ရွှေဆွဲကြိုး (၁၀) ကုံး၊ စိန်နားကပ် (၁) ခု၊ စိန်ဆွဲသီး (၁) ခု၊ စိန်လက်စွပ် (၁) ကွင်း၊ ပတ္တမြားကြယ်သီး (၅) ခု၊ တ္တမြားနားကပ် (၁) ရံ၊ ဘဏ်စာအုပ် (၃) အုပ်၊ မှတ်ပုံတင် (၂) ခု၊ အိမ်ထောင်စုဇယားမူရင်း (၁) ခု၊ ဖုန်းအပျ-က် (၁) လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရှာဖွေတွေ့ရှိခဲ့သည့် ငွေသားနှင့် တန်ဖိုးကြီးပစ္စည်းများကို ပစ္စည်းလက်ခံလွဲပြောင်းရေးအဖွဲ့မှ တဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 25 June 2025
▪️ ကမ်းလွန်လုပ်ကွက်များနှင့် စွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-ယူအေအီး နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထိုတွေ့ဆုံဆွေးနွေးခြင်းကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AI Faheem အား လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရှိ အလားအလာရှိပြီး အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်လုပ်ကွက်များတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနှင့် မြန်မာ-ယူအေအီးစီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် မြန်မာ-ယူအေအီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်များကို နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေးအတွက်ချုပ်ဆိုရေး၊ မြန်မာ-ယူအေအီးနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင် အခြားစီးပွားရေးကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 446 of 2471