#Daily_News
Published 26 September 2024
၁။ အခုရက်ပိုင်းရန်ကုန်မိုးများလာ၍ ငမိုးရိပ်ဆည်ရေပိုလွှဲမှ (၃)ပေနီးပါးကျော်လာ
၂။ ခရမ်းချဉ်သီးလေးဆခန့်နှင့် ဂေါ်ဖီပန်းပွင့်ဈေးနှုန်း ၅ ၀ရာခိုင်နှုန်းအထိ မြင့်တက်
၃။ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ချောင်းနားနီးသည့်ရပ်ကွက်အချို့ရေဝင်ရောက်မှုရှိ
၄။ အမေရိကန်၌အတိုးနှုန်းများလျှော့ချသွားသော်လည်း ပြည်သူအများစုစားဝတ်နေရေးကြပ်တည်းနေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
"ကလေးနှစ်ဦးက အခုထက်ထိ သူ့မိဘတွေနဲ့ အဆက်အသွယ်မရသေးဘူး။ သူ့မိဘတွေလည်း ေ-သလားရှင်လားတော့မသိသေးပါဘူး။ ရေဘေးရှောင်စခန်းမှာကယ်ထားတာ(၁၃)ရက် (၁၄)ရက်လောက်တော့ရှိပြီ"လို့ တောင်ငူအခြေစိုက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
#Local_News
Published 26 September 2024
#မိန်းကလေးငယ်နှစ်ဦး #မိဘများနှင့်အဆက်အသွယ်မရ
#YMG/tthl #Yangon_Times
တစ်ရက်တာအတွင်း ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ နဲ့ ရွှေရည်ညွှန်းဈေးကျပ် ခြောက်သောင်းခွဲကျော်အထိမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 26 September 2024
#ကမ္ဘာ့ရွှေဈေးမြင့်တက် #ရွှေရည်ညွှန်းဈေးမြင့်တက်
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်းမှာ ငမိုးရိပ်ချောင်းရေလျှံတဲ့အတွက် ချောင်းအနီးရှိ ရပ်ကွက်တွေထဲ ရေဝင်ရောက်မှုရှိခဲ့သလို လှည်းကူးမြို့နယ်ထဲရှိ ငမိုးရိပ်ချောင်းထဲ ခြေချော်ကျလို့ ပျောက်ဆုံးသူလည်းရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 26 September 2024
#လှည်းကူးမြို့ #ရပ်ကွက်အချို့ရေဝင်ရောက်
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်၊ တောင်ပိုင်းက အောင်ပန်း၊ ကလောနဲ့ အင်းလေးဒေသတွေမှာ ရေကြီးတာနဲ့စိုက်ခင်းပျက်စီးတာကြောင့် ခရမ်းချဉ်သီးလေးဆခန့်နဲ့ ဂေါ်ဖီပန်းပွင့်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 26 September 2024
#အောင်ပန်းကုန်စိမ်းပွဲရုံ #ခရမ်းချဉ်သီး
#YMG/NN #Yangon_Times
အခုရက်ပိုင်း ရန်ကုန်မှာ မိုးများလာတဲ့အတွက် ငမိုးရိပ်ဆည်ရေပိုလွှဲမှ (၂.၇၀)ပေ ကျော်လွန်နေတယ်လို့ သိရပါတယ်။
#Local_News
Published 26 September 2024
#အခုရက်ပိုင်းရန်ကုန်မိုးများ #ရေပိုလွှဲမှ(၃)ပေနီးပါးကျော်
#YMG/tthl #Yangon_Times
#Local_News
Published 26 September 2024
▪️ ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသမီးအသင်း၏ လေ့ကျင့်ခြင်းများကို ယခုလကုန်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ် အာဆီယံအမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ် နိုဝင်ဘာ (၁၆)ရက် မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
▪️ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသမီးအသင်းအား လေ့ကျင့်ပြင်ဆင်မှုများကို မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ် ဖူဆယ်ကစားကွင်း၌ ယခုလစက်တင် ဘာ (၃၀) ရက်မှ နိုဝင်ဘာ (၇) ရက်အထိ စခန်းသွင်း လေ့ ကျင့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပဏာမမြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းကို MFF Women's Futsal Invitation Cup 2024 ပြိုင်ပွဲမှ ကစားသမား (၂၆) ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 441 of 2157