#Local_News
Published 28 June 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၆ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၇.၇၉၁ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၆,၇၇၃ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီးရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြကြောင်း၊ ထို့နောက်အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times