#Local_News
Published 28 June  2025

▪️ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက်ကျေးရွာပေါင်း ၄၅၈ ရွာကို ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်သွားရန် ငွေကျပ် ၆ ဒသမ ၈၇ ဘီလီယံ သုံးစွဲရန် လျာထားကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

▪️ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ပေးရန် ကျေးရွာများရွေးချယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှု၊ နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊ ဒေသခံများ၏စိတ်ပါဝင်စားမှု စသည့် အချက်များ အပါအဝင် အချက်(၆)ချက်ကို စိစစ်ပြီး ရွေးချယ်လျက်ရှိကြောင်း သိရသည်။

▪️ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများကို ပြီးခဲ့သည့်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၁၉,၀၆၁ ရွာကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၅ ဒသမ ၀၀၈ ဘီလီယံသုံးစွဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃,၀၀၀ ကျော်ရှိသည့် အနက် ၃၀ ဒသမ ၈၅ ရာခိုင်နှုန်းခန့်ကို ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

▪️ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးလက်နေပြည်သူ များကိုယ်တိုင် မိမိတို့ကျေးရွာ၏  ပကတိလိုအပ်ချက် များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအချက်အလက်များကို စနစ်တကျစုဆောင်း၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခြင်း ဖြစ်သည်။

▪️ အဆိုပါဖော်ထုတ်ရရှိသည့်  အချက်အလက်များကိုစုစည်းပြီး အစီအမံများချမှတ်ကာ ကျေးရွာလူထု ကိုယ်တိုင်တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times