#Local_News
Published 28 April 2025
▪️ ယနေ့မနက်အစောပိုင်းတွင် ဒိုက်ဦးမြို့၌ သစ်စက် ဂိုဒေါင်ဟောင်းမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၂၈ ရက်နေ့၊ မနက်၁ နာရီ၁၂ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၅)သံတံတားရပ်ကွက်၊ ဈေးလမ်းတွင် သစ်စက် ဂိုဒေါင်ဟောင်း(၁)လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၂၅မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်၊၊
#YMG/NN #Yangon_Times
၂၇ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအဖြစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များ စတင်နေရတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက် လာတဲ့အတွက် သက်ဆိုင်ရာအဏာပိုင်တွေက ဆိုင် ၆၂ဆိုင်ကိုအရေးယူခဲ့ပါတယ်။
တာဝန်ရှိသူတွေက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အရောင်းဆိုင်များအား ဧပြီ ၅ ရက်မှ ၁၂ ရက်အတွင်း ခေါ်ယူတွေ့ဆုံကာ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ရတယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒါပေမယ့် အချို့သောစီးပွားရေး လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်မှုမရှိဘဲ မတော်လောဘဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ ဆက်လက်ပြုလုပ်နေကြတဲ့အတွက် အရောင်းဆိုင်တွေကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
အဲသလိုကွင်းဆင်းစစ်ဆေးရာမှာ အရောင်းဆိုင်၆၂ ဆိုင်ဟာ အဆမတန်အမြတ်ယူရောင်းချနေကြောင်း တွေ့ရလို့ သက်ဆိုင်ရာက အဲဒီဆိုင်တွေကို အမှုဖွင့်အရေးယူထားတယ်လို့ နစက သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ စားသောက်ကုန်နှင့်လူသုံးကုန် ပစ္စည်းအရောင်း ဆိုင်များအနေဖြင့် အများပြည်သူအခက်အခဲဒုက္ခများ ကြုံတွေ့နေရသည်ကို အခွင့်ကောင်းယူကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြဖို့ အာဏာပိုင်တွေက မေတ္တာရပ်ခံထား ပါတယ်။
အဲဒီအပြင် ထိုကဲ့သို့ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေသည့်သတင်းများ သိရှိရပါက တာဝန်ရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများထံသို့ သတင်းပေးပို့ကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။
#ymg/knl
#Daily_News
Published 26 Apirl 2025
၁။ ထိုင်းသို့ဝင်ရောက်မည့်သူများ မေလ ၁ရက်မှစတင်ကာ ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် ဖြည့်သွင်းရမည်
၂။ စျေးဝယ်စင်တာ စူပါမားကတ်များ၌ သားငါးဝယ်သူ ပိုမိုများလာ
၃။ ပဲခူးအရှေ့၊ ရှမ်းတောင်နှင့်အရှေ့ပိုင်းဒေသများတွင် ရက်ဆက်မိုးရွာနိုင်၍ ကြိုတင်ပြင်ဆင်ရန်သတိပေး
၄။ မက္ကဆီကိုမှ ခရမ်းချဉ်သီးတင်သွင်းကုန်အပေါ်အမေရိကန်အခွန်တိုးမြှင့်စည်းကြပ်မည်ဖြစ်ကာ လုပ်ငန်းကွင်းဆက်တစ်ခုလုံးထိခိုက်လာဖွယ်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အစာဈေးမြင့်တက်လာတဲ့အပြင် ဘဲကျောင်းတဲ့ ကျောင်းကွက်နေရာတွေနည်းပါးလာတာကြောင့် မွေးမြူသူတွေ ၅၀ရာခိုင်နှုန်း ထက်ဝက်လောက် အထိလျော့ကျလာတယ်လို့ ဧရာဝတီတိုင်းက စီးပွားဖြစ် ဘဲမွေးမြူသူတွေဆီက သိရပါတယ်။
#Local_News
Published 26 Apirl 2025
#အစာဈေးမြင့် #မွေးမြူသူထက်ဝက်ခန့်လျော့ကျ
#YMG/NN #Yangon_Times
ပဲခူးတိုင်းအရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ သုံးလေးရက်ဆက် မိုးရွာသွန်းပြီး တောင်ကျချောင်းရေနဲ့ မိုးသက်လေပြင်းကျရောက်နိုင်တာကြောင့်ကြိုတင်ပြင်ဆင်တာ တွေပြုလုပ်ကြဖို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
#Local_News
Published 26 Apirl 2025
#ရက်ဆက်မိုးရွာနိုင် #ကြိုတင်ပြင်ဆင်ရန်သတိပေး
#YMG/NN #Yangon_Times
စားသုံးသူတွေအနေနဲ့ လက်ရှိမှာ ရပ်ကွက်စျေးတွေထက် စျေးဝယ်စင်တာစူပါမားကတ်တွေမှာ သားငါးဝယ်မှုပိုမိုများပြားလာတယ်လို့ သိရပါတယ်။
#Local_News
Published 26 Apirl 2025
#စူပါမားကတ် # သားငါးဝယ်သူပိုမိုများ
#YMG/SW #Yangon_Times
လာမယ့်မေလ၁ရက်က စတင်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်မယ့် မြန်မာအပါအဝင် နိုင်ငံခြားသား ခရီးသွားအားလုံးအတွက် ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် (Thailand Digital Arrival Card- TDAC) စနစ်ကို ကျင့်သုံးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 26 Apirl 2025
#ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် #နိုင်ငံခြားသားခရီးသွား
#YMG/SW #Yangon_Times
Page 436 of 2391