#Local_News
Published 25 June 2025

▪️ ခေါတ်သစ် မြန်မာ့အလှမောင်ပြိုင်ပွဲ Mister Myanmar 2025အတွက် ပဏာမလူရွေးပွဲကို ဇူလိုင်လ၁ရက်တွင် The Eravati Sule Grand Hotel , Yangon၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mister International 2025ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထို့ကြောင့်ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၇.၆.၂၀၂၅ နေ့ နောက်ဆုံးထားပြီး Google formမှတဆင့် လျောက်လွှာတင်သွင်းရမည်ဖြစ်ပြီး၂၈.၆.၂၀၂၅ တွင် ပဏာမလူရွေးပွဲ တက်ရောက်ရန် ရွေးချယ်ခံရသူများစာရင်းကို ကြေငြာပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

▪️ ဖိုင်နယ်ပြိုင်ပွဲကြီးကို ဇူလိုင်လ၁၉ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး Winner ဆုအပါအဝင်ဆုအမျိုးအစားပေါင်း ၁၃ဆု နှင့်Sponsor title awards များစွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times