#Local_News
Published 26 April 2024
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များမှ ထုတ်လုပ်ရောင်းချမည့်ကုန်ပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါကဲ့သို့ဆောင်ရွက်ရာတွင် ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ပေးခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းများတို့ဖြင့် လုပ်ငန်းရှင်များ ထုတ်လုပ်မည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အမည် ၆၅၀ ကို ဓာတ်ခွဲစမ်းသပ်ပေးသွားမည် ဖြစ် ကြောင်းသိရသည်။
▪️ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း ပြုလုပ်နေသူများကို ဘဏ္ဍာနှစ်အလိုက် ဓာတ်ခွဲစမ်းသပ်ပေးနေခြင်းသည် လုပ်ငန်းရှင်များ ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆေးဝါးများ ပါဝင်မှုမရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၊အဆိုပါ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များပေါ်ထွက်ရေးကို ဘဏ္ဍာနှစ်အလိုက် သင်တန်းများပေးခြင်း၊ နည်းပညာများ ပေးခြင်းတို့ဖြင့် မွေးထုတ်ပေးလျက်ရှိနေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း လုပ်ငန်းရှင်များထုတ်လုပ်သည့် ကုန်ပစ္စည်း များကို ဓာတုဗေဒဓာတ်ခွဲစမ်းသပ်ခြင်းနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် လုပ်ငန်းရှင်များပေါ်ထွက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 26 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းဂုံးကျော်တံတားပေါ် မှ အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် လူမှုကူညီရေးအသင်းထံကသိရသည်။
▪️ ဧပြီ ၂၆ရက် မွန်းတည့်၁၂နာရီဝန်းကျင်က ခုန်ချမှုဖြစ်ပွားခဲ့ကာ တံတားပေါ်မှ အောက်သို့ ပြုတ်ကျခြင်းကြောင့် ခြေထောက်နှင့်ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
▪️ "သူက လှည်းတန်းတံတား မြို့ထဲကိုသွားတဲ့ဘက်ကခုန်ချတာ အတော်တော့မြင့်တယ် ဦးခေါင်းထိတယ် ညာဘက်ခြေထောက်ကလည်ထွက်သွားတယ် လက်တလော အခြေနေကတော့ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိဘူး ဒါပေမယ့် ဦးခေါင်းထိထားတာဆိုတော့ ဆေးရုံရောက်မှ ဓါတ်မှန်ရိုက်ကြည့်မှ စိတ်ချရတဲ့အခြေနေရှိမရှိ သိရမှာပဲ"ဟု သွားရောက်ကူညီပေးခဲ့သည့် အနာဂတ်အလင်းတန်းပရဟိတအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောသည်။
▪️ အဆိုပါ တံတားပေါ်မှ ခုန်ချသည့် အမျိုးသမီးမှာ အသက်၁၉ နှစ်ဝန်းကျင်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်တွင် ပါရှိသည့် နေရပ်လိပ်စာအရ သန်လျင်မြို့နယ်မှဖြစ်ကြောင်း သိရသည်။
▪️ ယင်းအမျိုးသမီး၏ မိသားစုဝင်များနှင့်လည်း အဆက်သွယ်ရရှိပြီးဖြစ်ကာ အခင်းဖြစ်ပွားရာနေရာမှဒဏ်ရာများရရှိထားသည့်အမျိုးသမီးကို အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်အမှတ်(04)ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Times
ပြည်ပကိုတင်ပို့မှုများသလို ဈေးကွက်ထဲဂျင်း(ချင်း)ကုန်ဝင်နည်းလာတဲ့အတွက် ဂျင်းတစ်ပိဿာကို ထွက်ရှိ တဲ့ ဒေသမှာတင်ကျပ်တစ်သောင်းဝန်းကျင်ထိ ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိပွဲရုံတွေထံမှ သိရပါတယ်။
#Local_News
Published_ 26 April 2024
#ဂျင်းစျေးမြင့်တက် #အောင်ပန်းရှိပွဲရုံ
#YMG/LW #Yangon_Times
ယခု ၂၀၂၃-၂၀၂၄ကြံကြိတ်ခွဲရာသီအတွက် သကြားစက်တွေရဲ့ကြိတ်ခွဲကြတာလက်ရှိမှာ ၉၀ ရာခိုင်နှုန်းခန့် အထိပြီးစီးနေပြီလို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published_ 26 April 2024
#ကြံကြိတ်ခွဲရာသီ #သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်း
#YMG/NN #Yangon-Times
ဘွဲ့ကြိုကျောင်းသားတွေ၊ နည်းပညာကောလိပ် ကျောင်းသားတွေနှင့် အထူးပြုလေ့ကျင့်ရေးကောလိပ်ကျောင်းသားတွေလည်းလျှောက်ထားနိုင်တယ်။
#Local_News
Published_ 26 April 2024
#ဂျပန်ပညာသင်ဆု #MEXTဝင်ခွင့်လျှောက်လွှာ
#tthl #Yangon_Times
#Local_News
Published_ 26 April 2024
▪️ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ကာကွယ်ဟန့်တားနိုင်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ခုနှစ်တွင် တစ်နိုင်ငံလုံးအမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှား ဆောင်ရွက်မှုဖြင့် အသက်(၅)နှစ်အောက်ကလေးများကိုသတ်မှတ်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရန် စီစဉ် ဆောင်ရွက်နေသည်ဟုဆိုသည်။
▪️ ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်းကို ဧပြီ(၂၅)ရက်ကကျင်းပသည့်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ်” (World Immunization Week) အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ပြောကြားချက်အရ သိရခြင်းဖြစ်သည်။
▪️ အခမ်းအနားတွင်" ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိသည်"ဟု ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်းရောဂါ ၁၃ မျိုးကိုကာကွယ်နိုင်မည့်ကာကွယ်ဆေးများကို ကလေးငယ်များအားထိုးနှံတိုက်ကျွေးကြောင်းလည်းသိရသည်။
▪️ “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက် သတ္တပတ်” (World Immunization Week) အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက "ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရေးရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း။
▪️ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များတွင် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍ သတ်မှတ်အသက်အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးကြောင်း၊
▪️ ၂၀၂၂ ခုနှစ်နှစ်ဦးပိုင်းက စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက်ကာကွယ် ဆေးထိုးအစီအစဉ်များချမှတ်၍ လုပ်ငန်းများကို ပြန်လည်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးလွှမ်းခြုံမှုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု နှစ်ဆကျော်ခန့် ပြန်လည်တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း။
▪️ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလမတိုင်မီ က ရရှိခဲ့သည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုများ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
▪️ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊
▪️ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
▪️ နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူပံ့ပိုးပေးလျက်ရှိသော ကာကွယ်ဆေးများအသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ကြောင်းသိရှိပြီး ထိုးနှံတိုက်ကျွေးပေးရန် တိုက်တွန်းလိုကြောင်း၊
▪️ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ဘရွက်ကြရန်" တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ဘေလီတံတားအဆင်းတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၂၅ရက် ည ၉နာရီ ၃၄မိနစ် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာယာဉ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ငြှိမ်းသတ်ခဲ့ရာ ၉နာရီ ၃၉မိနစ် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 448 of 1971