#Local_News
Published-17 January 2024
၂၀၂၃ -၂၄ ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ ကိုးလကျော်ကာလအတွင်းပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၁၁၅ သန်းရရှိခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၃၀ နီးပါးနှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၁၈၀ ဒသမ ၅၉၈ သန်း ကျော်ရရှိထားခြင်းဖြစ်သည်။
အဆိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။
#Local_News #မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှု #ကန်ဒေါ်လာ၂၁၀ဒသမ၁၁၅သန်းရရှိ #YMG/ NN #Yangon_Times
#Local_News
Published 17 January 2024
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ City Taxi ယာဉ်အစီးရေငါးသောင်းကျေ ာ်ရာခိုင်နှုန်းအားဖြင့် ၈၆% ဘေးနှစ်ဖက် အဝါရောင်လိုင်း စတစ်ကာတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။
အဆိုပါ City Taxi ယာဉ်များတွင် အဝါရောင်ဘေး Sticker ကပ်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ (၁၅) ရက်အထိ ခန့်မှန်းယာဉ်အစီးရေ ၅၀၀၀၀ အထိပြီးစီးနေပြီဖြစ်ကြောင်း ၊ ထိုသို့တပ်ဆင်ပြီးစီးမှုသည် ရာခိုင်နှုန်းအားဖြင့် လက်ရှိအချိန်အထိ ၈၆ % တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီ (၃၁) ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီးအဝါရောင်လိုင်း Sticker တပ်ဆင်ရန်ကျန်ရှိသော City Taxi ယာဉ်များအားလုံး ဇန်နဝါရီ (၃၁) ရက် နောက်ဆုံးထားတပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိပါက လာမည့်ဖေဖော်ဝါရီ (၁) ရက်မှစတင်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၆) အရ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း YRTC မှ အသိပေးထားသည်။
City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ဘေးစတစ်ကာတပ်ဆင်စေခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ City Taxi ယာဉ်များဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း စတစ်ကာကပ်ရန် ညွှန်ကြားထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ကြောင်း သိရသည်။
#Local_News #City_Taxiယာဉ် #စတစ်ကာတပ်ဆင်ပြီး #YMG /NN #Yangon_Times
'အောက်တိုဘာကနေလက်ရှိအချိန်အထိ ဗုဒ္ဓဂါယာခရီးသွားဦးရေတစ်သောင်းခွဲလောက်အထိသွားလာပြီးဖြစ်ပေမယ့် အရင်နှစ်ကနဲ့နှိုင်းယှဉ်ရင်တော့ နည်းပါးနေသေးနေပါသေးတယ်၊ ဒါကလည်းလူတွေက စီးပွားရေးပြေလည်မှ ဘုရားဖူးနိုင်တာကိုး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအထွေထွေအားလုံးပြည့်စုံမှသာသွားနိုင်မှာဖြစ်တော့ ဒီနှစ်ကတော့မနှစ်ကထက်ယှဉ်ရင်နည်းတယ်၊ မနှစ်ကတော့ပိုသွားကြပါတယ်'
#Local_News
Published_ 17 January 2024
#ဗုဒ္ဓဂါယာခရီးသွားဦးရေ #ယမန်နှစ်ထက်ကျဆင်းနေ
#YMG/ NN #Yangon_Times
ယခင်လပိုင်းက ရာသီဥတုနဲ့ရောဂါကျရောက်ခဲ့တဲ့အတွက် အ၀ယ်အေးနေတဲ့ ဆိတ်သားသတ်ဈေးကွက် ယခုရက်ပိုင်းမှာတော့ တရုတ်နှစ်သစ်ကူးနီးလာတဲ့အတွက် ဈေးကွက်ပြန်လှုပ်လာကာ အ၀ယ်လိုက်လာတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 17 January 2024
#ပြည်တွင်းဆိတ်သားသတ်ဈေးကွက် #ဈေးမြင့်တက်လာ
#YMG/LW #Yangon_Times
#Local_News
Published 17 January 2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်တိုင်များ ပြိုလဲခြင်း၊ လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများဖြစ်ပွားခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီ (၁၆)ရက် နေ့လည် (၃)နာရီခွဲအချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပွတ်စုကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ မယ်ဇလီတန်းကျေးရွာအုပ်စုများတွင် ဓါတ်တိုင်များပြိုလဲခဲ့ရကြောင်း သိရသည်။
ထို့အပြင် နတ်တလင်းမြို့နယ်အတွင်းရှိ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဘုဒလက်ကုန်း၊ ရှားဖြူကုန်း၊ ရေကြည်၊ ကျွန်းကတုတ်၊ ကုန်းသာ၊ မယ်ဇလီတန်း၊ ပွတ်စု၊ ဒေါကျော်ရွာ၊ ကျေးလက်ကျေးရွာများတွင် လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်တလင်းမြို့နယ်မီးသတ်စခန်းနှင့် တာပွန်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းလေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်များသို့ ကူညီပို့ဆောင်ပေးခဲ့ရာလုပ်ငန်းစဉ်များအားလုံး ည၈နာရီဝန်းကျင်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
#Local_News #မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ် #လူနေအိမ်ပြိုလဲ #YMG/LW #Yangon_Times
"ဟိုပုန်းဒေသမှ စတော်ဘယ်ရီသီးတွေကို အခုစတင်ထွက်လာရှိချိန်မှာတော့ ဈေးနှုန်းအနေနဲ့ တစ်ပိဿာကို ၂၅၀၀၀နဲ့ ၅၀သားကို ၁၂၅၀၀နဲ့ ရောင်းချပေးနေတယ်"ကုန်စိမ်းနှင့် သစ်သီးဝလံများ လက်ကားရောင်းချနေသူတစ်ဦး
#Local_News
Published_ 17 January 2024
#ဟိုပုန်းထွက်စတော်ဘယ်ရီ #ကုန်စိမ်းနှင့်သစ်သီးဝလံများရောင်းချသူ
#tthl #Yangon_Times
#Local_News
Published 17 Jaunary 2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ခရေလမ်းခွဲနှင့် ၁၀၆ မှတ်တိုင်ကြားတွင် စက်ရုံဝန်ထမ်းကြို/ပို့ ဖယ်ရီ ဒိုင်နာကားနှင့် ကွန်တင်နာတင်တွဲယာဉ်တို့တိုက်မိသဖြင့် ဖယ်ရီကားပေါ်ပါလာသည့် စက်ရုံဝန်ထမ်း၃၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြယ်စင်မေတ္တာပရဟိတ အသင်းထံမှ သိရသည်။
ဇန်နဝါရီလ ၁၇ ရက် နံနက်၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၁ ဦး၊အမျိုးသမီး၂၁ဦး စုစုပေါင်း ၃၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်ထန်ကြောင်း သိရသည်။
"သေဆုံးတာတော့ မရှိဘူး ၃၂ ဦးမှာ တစ်ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး အနည်းငယ်စိုးရိမ်ရတဲ့ အနေထားပါ အခုယာဉ်တိုက်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေက စက်ရုံဝန်ထမ်းတွေမှာ ဖော့ကန်အောင်ဆန်းနားက စက်ရုံလို့သိရပါတယ်"ဟု ကြယ်စင်မေတ္တာ ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် ဖယ်ရီကားမောင်းသူမှာ တိုက်မိသည့်အရှိန်ကြောင့် ယာဉ်အတွင်း ညှပ်မိနေသဖြင့် ကယ်ထုတ်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းမြေပြင်ကူညီပေးခဲ့သည့် ကြယ်စင်မေတ္တာပရဟိတအသင်းထံမှ သိရသည်။
#Local_News #စက်ရုံဖယ်ရီကားနှင့်တွဲကားတိုက် #ဝန်ထမ်း၃၀ကျော်ထိခိုက်ဒဏ်ရ #YMG/LW #Yangon_Times
Page 451 of 1810