Published 15 January 2024
ဂန္ထဝင်မြန်မာ တေးသံရှင်ကြီး ဦးမောင်မောင်ကြီး အသက် (၉၂) နှစ် ဟာ ယနေ့ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံ က သိရသည်။
ဦးမောင်မောင်ကြီးသည် ရေဒီယိုရောင်းတမ်း ဓာတ်ပြားများ၊ ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သော အဆိုတော်ကြီး တစ်ဦး ဖြစ်ကာ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် မှ ချီးမြှင့်သည့် လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသူတယောက်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ရက်နေ့ ကလည်း ဂန္တဝင် အဆိုတော်ကြီး ဒေါ်မာမာအေးကွယ်လွန်သွားခဲ့တာဖြစ်ပြီး တိုက်ဆိုင်မှုတစမခု အဖြစ် ယနေ့ ဒေါ်မာမာအေး၏ ရက်လည်နေ့တွင်ဂန္ထဝင်တေးသံရှင်ကြီးတယောက်ဖြစ်သည့် ဦးမောင်မောင်ကြီး ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်ကြီး - သူကလေ နဂိုတည်းကိုက ဆီးချိုအခံရှိထားခဲ့တယ်။ နားတွေဘာတွေလည်းမကောင်း မီမိုရီလည်းမကောင်းတော့ဘူး.. လူကြီးရောဂါဆုံးတာ “ ကျွန်တော်တို့ ဦးမောင်မောင်ကြီးကိုငယ်စဉ်ကတည်းက အားကျအလေးထားခဲ့တာပါ သီဆိုဟန်ထူးခြားသလို ရုပ်ရှင်မင်းသားကြီးရဲ့ ခင်မောင်ရင်ရဲ့သီချင်းတွေကိုစံထားလောက်အောင်ဆိုနိုင်တယ် ညာသံသမား သီချင်းဆိုတာ သိပ်ကိုကောင်းပြီး စနစ်ကျတယ်။ သူဆိုမယ့်သီချင်းကိုအလေးအနက်ထား။ ဘာသီချင်းဆိုဆို ရီဟာဇယ်လုပ်ပြီးဆိုတယ်။ သူ့ရဲ့ သီချင်းတွေကို လေ့လာဆန်းစစ်ခဲ့တယ်။ ချိုတေးဆက်ကိုအောင်ကိုးရေးပေးခဲ့တဲ့သီချင်းတွေထဲက သူ့ဆိုဟန်နှင့်စွဲသွားစေတဲ့ သီချင်းက စိမ်းလဲ့ညိုသီချင်းကိုသိပ်ကြိုက်တယ်။ သူ့ညီကိုလေးညွန့်ရေးခဲ့တဲ့ ရွှေညာဆီသွားမယ် ဆိုတဲ့သီချင်းသိပ်ကောင်းတယ်။ မာမာအေးရဲ့ရက်လည်မှာ ဆုံးသွားတော့ အဲဒီသီချင်းကို အမှတ်ရမိတယ်။ အဲဒီသီချင်းကို သူနှင့်မာမာအေး အတူဆိုခဲ့ကြတာလေ။ကိုမောင်မောင်ကြီးနှင့်မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့ တေးဂီတစိစစ်ရေးဘုတ်အဖွဲ့မှာ မကြာသေးခင်ကမှအနားယူထားတယ်။ ဘုတ်အထဲ ဝင်တာနှင့်သူ့ကိုသတိရနေတာပါ။မမျှော်လင့်ဘဲ ကွယ်လွန်သွားလို့ ရင်နှင့် အမျှ ခံစားရပါတယ်။ သူကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်ဟုအဆိုတော်ကြီးသန်းမြတ်စိုးက ဝမ်းနည်းကြောင်းပြောကြားသည်။
ဦးမောင်မောင်ကြီးကို ဖခင် ဦးခင်စိန်နဲ့ မိခင် ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်မောင် ဖြစ်ကြောင်းသိရသည်။
ဂီတနယ်သို့ ၁၉၄၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ မောင်မောင်ကြီး၏ ဂီတဆရာများမှာ ဆရာကြီး ဦးလှဖေနှင့် ဆရာကြီး ဦးအလီတို့ဖြစ်ကြသည်။ ဆရာကြီးများထံတွင် မဟာဂီတကို လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ကျင်းပသည့် ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။
မောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ၁၉၅၀ ခု BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးသည့် သီချင်းတစ်ပုဒ်ကို အေဝမ်းခင်မောင်အဖွဲ့နှင့် တပ်မတော် အသံလွှင့်ရုံမှ အသံလွှင့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့တွင် ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့သည်။
မဟာဂီတသီချင်းကြီးများကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့တွင် သီဆို အသံလွှင့်ခဲ့သည်။ ကာလပေါ်သီချင်းများကို ဂီတလုလင် အဖွဲ့၊ ဂီတလုလင် မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေ၊ ပျဉ်းမနားမြင့်လှိုင်အဖွဲ့များတွင် သီဆို အသံလွှင့်ခဲ့သည်။
အဆိုတော်ဦးမောင်မောင်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းအချို့မှာ “တစ်ခုတည်းသော ရည်မှန်းချက်” “နှစ်ဆင့်မေတ္တာ” “နွဲ့နှောင်း” “ရွှေညာဆီသွားမယ်” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်” “အိပ်မက်နိုင်ငံ” “မေတ္တာဇာတ်လမ်း” “ပင်တိုင်ကျော့မှူး” “ဝေးပြီမွှေးရယ်” “တန်ပါ့မဖုရား” “မေတ္တာနုနုစေလာရင်ကွယ်” “စိမ်းလဲ့ညို” “အချစ်ကို ဘယ်လိုပြောရမယ် ” “ကျမျက်ရည် မကြေညာစတမ်း” “အမိုက်မလေး ငှက်ငယ်” “သစ်ခြောက်ပင်အောက် ပန်းကောက်သူ” “လွမ်းအိပ်မက်က သံသရာရှည် ” “ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် ” စသည်တို့ ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 15 January 2024
၁။ ရွှေတိဂုံစေတီတွင် Digital Directory စနစ် Touch Screen(၁၀)ခု တပ်ဆင်ရန်နှင့် နေပူခံကျောက်ပြားအရောင်တင်ခြင်များ ဆောင်ရွက်နေ
၂။ နှစ်ပေါင်း၁၆၀ခန့် က ကျွန်းပင်များကို လေ့လာနိုင်မည့် ပြည်ကျွှန်းတောဆင်စခန်း ဇန်န၀ါရီ ၁၆ ရက်မှစပြီး ပြန်လည် ဖွင့်လှစ်မည်
၃။ နယ်ဒေသများအပြင် ရန်ကုန်တိုင်းအတွင်း၌ပါ မြင်းမွေးသူများရှိနေပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အလုပ်အကိုင် ကောင်းလာ
၄။ ပြည်ပနိုင်ငံများတွင် စက်ရုံများဆောက်လုပ်ကာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများအား တရုတ်နိုင်ငံက
ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
" သက်ကြီးနဲ့နာမကျန်းဖြစ်နေတဲ့ ရုပ်ရှင်အနုပညာရှင်(၄၀)လောက်ရှိတယ်။ သူတို့ထဲကမှ အကယ်ဒမီပေးပွဲ တက်လိုသူတွေအတွက် အကယ်ဒမီပေးပွဲတက်နိုင်အောင် လေယာဉ်စီစဉ်ပေးထားတယ်။"ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေး စိစစ်အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ထပ်ဆင့်အကယ်ဒမီ ဦးဇော်မြင့်ဦး
Yangon Times/tthl
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
အခုလိုဈေးကျလာပေမယ့် အရောင်းဝယ်က အေးနေတဲ့အတွက် လာမယ့်လတွေမှာ ကြက်သွန်ဖြူ အသစ်တွေဈေးကွက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် အခုထက်ပို ဈေးကျလာမယ့် အနေထားရှိတယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 15 January 2024
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ ဇန်နဝါရီ ၁၅ ရက် မှ ဇန်နဝါရီ ၂၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာကို ၅၂၅၀ ကျပ် သတ်မှတ်ထားကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော် မတီက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကို ကျပ် ၄၉၅၅ ကျပ် သတ်မှတ်ခဲ့သည့် အတွက် ယခုတစ်ပတ် တွင် တစ်ပိဿာကို ၂၉၅ ကျပ်ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
စားအုန်းဆီရည်ညွှန်းဈေးများ ကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေသော ဈေးနှုန်း မျာူကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်၊ ဘဏ်စရိတ်နှင့် အခွန်အခများ ထည့်သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ရမည့် အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်ထဲတွင် စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published-15 January 2024
သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်း ယနေ့ ထပ်မံထုတ်ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
အဆိုပါကဲ့သို့ ရောင်းချခြင်းသည် တတိယအကြိမ်မြောက်အဖြစ် ဈေးကွက်အတွင်းသို့ ဒေါ်လာရောင်းချပေးခြင်းဖြစ်သည်။
ဇန်နဝါရီ ၂ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း ရောင်းပေးထားကာ ယနေ့တွင် ဒေါ်လာ ၁၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကာယနေ့ တွင် သုံးကြိမ်မြောက်အဖြစ်ရောင်းချပေးခြင်းဖြစ်ပြီး သုံးကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၄၃ ဒသမ ၉၃ သန်း ရောင်းချပေးထားခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 15 January 2023
မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ကြီးတံခွန်မြိုနယ်၊ (ဈ)ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင်တို ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၉ ရက် ည ၈ နာရီတွင် ချမ်းမြသာစည်မြိုနယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ အေလမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်းကို ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့်လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ပုသိမ်ကြီးမြိုနယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကိုလည်းကောင်း ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်း၊ ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတိုအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 454 of 1810