#Local_News
Published 29 October 2024
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် ဆန်စပါးအသင်းများ စုပေါင်း၍တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်အလှူပွဲကို နိုဝင်ဘာ၁၅ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံတွေ့ခဲ့ရသည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးညီနောင်အသင်းများ၊ မြန်မာနိုင်ငံ ဆန်စပါးမိသားစုများနှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်/မူဆယ်)တို့မှအသင်းသူ/အသင်းသားများမှ စုပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲသည် အကြိမ် (၂၀) မြောက်ဖြစ်ပြီး လက်ရှိ အချိန်တွင် စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပရန် ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)မှ ငွေကျပ်သိန်း ၅၀ မတည် လှူဒါန်းထားပြီး အသင်းသူ/အသင်းသားများအနေဖြင့် ပါဝင်လှူ ဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 28 October 2024
၁။ လာမည့်ဆောင်းရာသီတွင် မြန်မာနိုင်ငံ၌ လာနီညာဖြစ်နိုင်ခြေရှိ
၂။ မြို့ပတ်ရထားလမ်းပိုင်း၌ နိုဝင်ဘာလအတွင်း DEMU တွဲဆိုင်းအသစ်ပြေးဆွဲရန် ဘူတာ ၃၂ ဘူတာရှိ ပလက်ဖောင်းများပြင်ဆင်နေ
၃။ အဆင့်မြင့် မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်း ရန်ကုန်၌ဖွင့်လှစ်မည်
၄။ နိုင်ငံတကာငွေကြေးဘဏ္ဍာရေးစနစ် ပြန်လည်တည်ဆောက်ရာတွင် BRICS အဖွဲ့ဝင်နိုင်ငံများ အဓိကကျဟု ကျွမ်းကျင်သူသုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင်PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားတာကို ပြုလုပ်ပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 28 October 2024
#နိုင်ငံကူးလက်မှတ် #PVမှPJ
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံမှာ မြင်းထိန်းသိမ်းတာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ကိုင်နိုင်မယ့် အဆင့်မြင့် မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်းကို ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားမယ်လိုသိရပါတယ်။
#Local_News
Published 28 October 2024
#မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်း #ရန်ကုန်မြို့မှာဖွင့်
#YMG/NN #Yangon_Times
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာလာမယ့် နိုဝင်ဘာလအတွင်း DEMU တွဲဆိုင်းအသစ်တွေနဲ့ ပြေးဆွဲနိုင်ဖို့ ဘူတာ ၃၂ဘူတာမှ ပလက်ဖောင်းတွေကို ပြင်ဆင်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 28 October 2024
#ဘူတာပလက်ဖောင်းပြင် #မြန်မာ့မီးရထား
#YMG/NN #Yangon_Times
လာမယ့်ဆောင်းရာသီမှာ မြန်မာနိုင်ငံမှာ စိုစွတ်အေးမြတဲ့ရာသီဥတု လာနီညာဖြစ်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 28 October 2024
#ဆောင်းရာသီ #လာနီညာဖြစ်နိုင်ခြေရှိ
#YMG/tthl #Yangon_Times
#Local_News
Published -28 October 2024
▪️ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာကုန်ထုတ်လုပ်သားသစ်(၁၅၂)ဦးသည် ယနေ့ အောက်တိုဘာ ၂၈ ရက်က ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့ထံမှ သိရသည်။
▪️ အဆိုပါလုပ်သားများအား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခြင်းဖြစ်သည်။
▪️ ၎င်းတို့သည် ရန်ကုန်လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight)ခရီးစဥ်ဖြင့် အင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ရာရောက်ရှိလာသည့် မြန်မာကုန်ထုတ်လုပ်သားသစ်များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြား၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 457 of 2205