#Local_News
Published 16 June  2025

▪️ ရေပြင် ရှာဖွေ/ကယ်ဆယ်ရေး စပိဘုတ် အသုံးပြု/မောင်းနှင်ရေးသင်တန်းမှ သင်တန်းသားများသည်ဒုဌဝတီမြစ်ရေပြင်၊ ကန်တော်ကြီးရေပြင် ရေသေများ၌Jet Ski မောင်းနှင်ခြင်းများကို လက်တွေ့ မောင်းနှင်ခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)မှ သိရသည်။

▪️ ရေကြီး/ရေလျှံမှုဖြစ်စဉ်များ တွင် ရှာဖွေကယ်ဆယ်ရေး Speed Boat များ ဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက် နိုင်စေရန် နှင့် စနစ်ကျပြီး စွမ်းရည်မြင့်မားသော ရေပြင် ရှာဖွေကယ်ဆယ်ရေးသမားများ မွေးထုတ်ပေးရန် ရည်ရွယ်ကာ ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး Speed Boat ‌အသုံးပြု/မောင်းနှင်ခြင်း သင်တန်း (၂/၂၀၂၅) ကို ဇွန်၁၁ရက်မှ ၁၅ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

▪️ ထို့ကြောင့်  ဇွန်လ ၁၅ ရက်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ရာ သင်တန်းနောက်ဆုံးနေ့သင်ခန်းစာများအဖြစ် သင်တန်းသားများသည်
ဒုဌဝတီမြစ်ရေပြင်တွင် ကန်တော်ကြီးရေပြင် ရေသေ၌ သင်ကြားမှုများကို ရေရှင်တွင် လက်တွေ့ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး Jet Ski မောင်းနှင်ခြင်းများကိုလည်း လက်တွေ့ မောင်းနှင်ခဲ့ကြခြင်းဖြစ်သည်။

▪️ ယခုရှာဖွေ‌ကယ်ဆယ်ရေးသုံး Speed Boat အသုံးပြု /မောင်းနှင်ခြင်း သင်တန်းကို KBZ Foundation (KBZ Center - Mandalay) မှ အဓိက ကူညီပံ့ပိုးလှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို KBZ Center - Mandalay တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မင်းဦးမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times