#Local_News
Published 16 June 2025

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေး ဈေးကွက် (FX Trading Platform)မှ တဆင့်အမေရိကန်ဒေါ်လာ ၁၀ သန်း ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း ယနေ့အသိပေးထုတ်ပြန်ထားသည်။

▪️ ထိုသို့ရောင်းချမှုကို ရက်သတ္တပတ်အတွင်း ထုတ်ရောင်းပေးမည်ဖြစ်ပြီး ထုတ်ရောင်း ပေးမည့် ငွေပမာဏအတွက် ရည်ညွှန်းငွေလဲနှုန်းကိုမှု သီးခြားဖော်ပြထားတာမျိုး မရှိသည်ကို တွေ့ရှိရသည်။

▪️ လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် FX Trading Platform ၌ အမေရိကန်တစ်ဒေါ်လာကို ငွေလဲနှုန်းကို ၃၆၁၅ ကျပ် ဖြင့် သတ်မှတ်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

▪️ ဗဟိုဘဏ်သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း စက်သုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်များကို ထုတ်ရောင်းပေးထားခဲ့သေးသည်။

#YMG/SW #Yangon_Times