Published_ 03 May 2024
နာတာရှည်ဖြစ်နေသည့် ရုပ်ရှင်လောကသား(၉)ဦးကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မင်္ဂလာဦးဇော်မင်းတို့မှထောက်ပံ့ငွေ(၄)သိန်းစီပေးအပ် ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာတာရှည်ဖြစ်နေသောရုပ်ရှင်လောကသားများထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲကိုမေလ၂ရက် နေ့လည်၁နာရီကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆေးကုသစရိတ်ထောက်ပံ့ရရှိသူများမှာဦးစံတင်၊ဦးရွှေစင်၊ဦးကြည်၊ဦးကျော်ညွန့်၊ဒေါ်သင်းသင်းလဲ့၊ဇာတ်ပို့ဒေါ်လဲ့၊ဇာတ်ပို့ဦးကျော်မင်း၊တည်းဖြတ်ဦးအုံးမောင်၊ကင်မရာမင်းဦးသန်းညွန့်တို့ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၃သိန်းမင်္ဂလာဦးဇော်မင်းက၁သိန်းထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဆေးရုံတက်ရောက်ကုသသူများကို၁သိန်းစီထောက်ပံ့ပေးလျက်ရှိပြီး၁နှစ်ပြည့်မှနောက်တကြိမ်ထပ်မံခံစားခွင့်ရှိပြီး ယခု၉ဦးသည်နာတာရှည်ရောဂါဖြစ်နေသူများကိုသီးခြားထောက်ပံ့ပေးခြင်းဖြစ် ကြောင်းနှင့်ထောက်ပံ့ငွေကိုအခြေခံအဖွဲ့များမှတစ်ဆင့်ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 3 May 2024
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၈)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှသိရသည်။
မေလ၃ရက် နေ့လည်နှစ်နာရီနှစ်မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရေများထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။
ထိုသို့မီးငြှိမ်းသတ်ခြင်းကြောင့် နှစ်နာရီ၁၂မိနစ်အချိန်တွင် မီးထိန်းနိုင်ကာ နှစ်နာရီ၂၂မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
အမျိုးသမီးလိဂ်ပြိုင်ပွဲအဖြစ် မေလ(၇) ရက်မှာတော့ မြဝတီ-ရန်ကုန်ယူနိုက်တက် အသင်းတို့က ပဒုမ္မာကွင်းမှာကန်ကြဖို့ရှိပြီး ဧရာဝတီ-သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်- ISPEအသင်းတို့ စလင်းကွင်းမှာ ကန်ကြမှာဖြစ်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြောင်းစိုက်ပျိူးမှုထက် အကျိုးရလဒ်ပိုရှိတဲ့အတွက် ရှမ်းပြည်နယ်က ပြောင်းစိုက်တောင်သူအချို့ဟာ ပဲစဉ်းငုံကို အစားထိုး စိုက်ပျိူးလာတယ်လို့ ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများ အသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်တာကြောင့် ကျောင်းဝတ်စုံတွေ ရောင်းရလာပြီး အခုနှစ်ကျောင်းဝတ်စုံ ဈေးနှုန်းတွေလည်း သုံးပုံတစ်ပုံအထိ ဈေးမြင့်တက်လာတယ်လို့ ကျောင်းဝတ်စုံရောင်းချသူတွေဆီက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 3 May 2024
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း တွင် ယာဉ်တစ်စီး အရှိန်မထိန်းဘဲ လမ်းဘေးသစ်ပင် ၀င်တိုက်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံကသိရသည်။
မေလ ၃ရက် နံနက် ၈နာရီ ခန့်က စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း၊ မိုင်တိုင်အမှတ်(၄၁)နှင့်(၄၂)ကြားတွင် ယာဉ်(၁)စီးသည် မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်းသိရသည်။
ထိုသို့တိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့်စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူတို့အား စလင်းမြို့ကြက်ခြေနီအသင်းယာဉ်ဖြင့် စလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 3 May 2024
မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းသည် အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။
မေ ၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။
အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒကို မိတ်ဆက်ဖြန့်ဝေခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် မူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။
ပြည်သူလူထုကျန်းမာရေး အဆင့်အတန်းမြင့်မားရေးအတွက် အရေးကြီးသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး ဆောင်ရွက် လျက်ရှိပြီး စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှ တည်ခင်းစားသုံးမှုအထိ အစားအသောက် ကွင်းဆက်တစ်လျှောက် အစားအသောက်ဘေးကင်းရေးစံချိန် စံညွှန်းများကို လိုက်နာဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးကဆိုပါတယ်။
ဘေးအန္တရာယ်ရှိသော အစားအသောက်များကို စားသုံးမိခြင်းကြောင့် ချက်ချင်း လက်ငင်း ကျန်းမာရေးဆိုးကျိုးများ ရရှိနိုင်သကဲ့သို အချိုကိစ္စရပ်များတွင် နာတာရှည် ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ တိုးတက်လာသည့် လူဦးရေ၊ ဖွံဖြိုးလာသည့် နည်းပညာများ ကြောင့် ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်၊ တင်သွင်းသည့် အစားအသောက်များ လွန်စွာ များပြားလာသည့်အတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာ အခက်အခဲရှိနေပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် နစက၏ စီးပွားရေးဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပိုကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်ကို များစွာအထောက်အကူဖြစ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်ရုံဆွေးနွေးပွဲသို တက်ရောက်လာကြတဲ့ ဝန်ကြီးဌာနများ၏ ဘာသာရပ် ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 455 of 1991