#Local_News
Published 17 June 2025

▪️ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများဆုံးရှုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ဒေသကြီးရှိမြို့နယ်များမှ  တက္ကသိုလ်ဝင်စာမေးပွဲများကို ပြန်လည်ဖြေဆိုလျှက်ရှိရာ ယမန်နေ့က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၈၀၄၅ ဦး ပြန်လည်ဖြေဆိုနေကြောင်း သိရသည်။

▪️ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန ၂၅ ခု၊ စာရင်းရှိ ၈၂၀၅ ဦး၊ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၈၀၄၅ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၀၅ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း- အလုံတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၄၉၆ ဦး ဖြေဆိုလျက်ရှိသည်။

▪️ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်‌ နေ့မနက်ပိုင်းက မုံရွာမြို့ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း-အလုံနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ သတ်မှတ်ကျောင်းဆောင်များ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့အဖြစ် မြန်မာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

#YMG/NN #Yangon_Times