#Local_News
Published 17 June 2025

▪️ အိန္ဒိယနိုင်ငံတွင် တတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show) ပြပွဲ ကျင်းပမည်ဖြစ်ရာ တက်ရောက်လိုသည့်လုပ်ငန်းရှင်များအနေဖြင့်ဇူလိုင်လ၁၅ရက်နောက်ဆုံးထားစာရင်း‌ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

▪️ အိန္ဒိယနိုင်ငံ၊ ဉတ္တာပရာဒေ့ရှ်ပြည်နယ် (UP) အစိုးရ၏ဦးဆောင်မှုဖြင့် UP ပြည်နယ်၊ Greater Noida မြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ “3rd Edition UP International Trade Show” ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း ၊လာရောက်မည့်ကုန်သည်ဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် တစ်ဦးနှုန်းဖြင့် လေယာဉ်စရိတ် (Economy Class)၊ ၂ ည တည်းခိုနေထိုင်စရိတ်၊ လေဆိပ်ကြိုဆို ပို့ဆောင်ခြင်းနှင့် ပြပွဲကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ပြပွဲကျင်းပသူက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊

▪️ ပြည်ပဝယ်လက်များအနေဖြင့် http://www.fieo.org/UPITS2025 တွင် အချက်အလက်ပြည့်စုံစွာဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသည့် ပြည်ပဝယ်လက်များအနက် ရွေးချယ်ခံ ရသူများစာရင်းကို စိစစ်ရွေးချယ်ရေးကော်မတီက သြဂုတ်လလယ်မတိုင်မီတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ UP ITS 2025 တွင် UP ပြည်နယ်၏ နိုင်ငံတကာဈေးကွက်တွင် အလားအလာရှိသော ထုတ်ကုန်ပစ္စည်းမျိုးစုံကို ပြသသွားမည်ဖြစ်ပြီးကုန်သွယ်မှုနှင့်နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း၊   
 
▪️ ပြပွဲတွင် အဓိကပါဝင်မည်ကဏ္ဍများမှာ စိုက်ပျိုးရေး၊ သစ်သီးဝလံပန်းမန်နှင့် ဆည်မြောင်းစနစ်ကဏ္ဍ၊ မော်တော်ယာဉ်၊ EV နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများကဏ္ဍ၊ တိုင်းရင်းဆေးဝါးကဏ္ဍ၊ အီလက်ထရွန်နစ်ပစ္စည်းများကဏ္ဍ၊ အင်ဂျင်နီယာနှင့်ထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ အရုပ်ထုတ်လုပ်မှုကဏ္ဍ၊ အထည်အလိပ်ကဏ္ဍ၊ လူသုံးကုန်ပစ္စည်းများကဏ္ဍ၊ အစားအစာနှင့်အဖျော်ယမကာကဏ္ဍ၊ မှန် ထည်လုပ်ငန်းကဏ္ဍ၊ လက်မှုပညာပစ္စည်းများကဏ္ဍ၊ အိုင်တီနည်းပညာနှင့်ဆော့ဝဲလ်များကဏ္ဍ၊ သားရေထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ ဆေးဝါးများနှင့်ဆေးရုံသုံးပစ္စည်းများကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍနှင့်အားကစားပစ္စည်းများ စသည့်ကဏ္ဍ မျိုးစုံပါဝင်မည်ဖြစ်ပါကြောင်း သိရသည်။

▪️ အဆိုပါတတိယအကြိမ်မြောက် ဉတ္တာပရာဒေ့ရှ်ပြည်နယ်၏ နိုင်ငံတကာကုန်စည်ပြပွဲ (3rd Edition UP International Trade Show)  သို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းရန် စိတ်ဝင်စားမှုရှိသော ကုန်သည်ဝယ်လက်များ၊ သွင်းကုန်လုပ်ငန်းရှင်များမှ ပါဝင်ပြသမည်ဆိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@ gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times