Published_ 13 January 2024
၂၀၂၃ခုနှစ် အတွင်းငပလီသို့ ခရီးသွားဧည့်သည် ရှစ်သောင်းကျော်ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ငပလီကမ်းခြေဒေသသို့ ၂၀၂၃ဇန်နဝါရီမှဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွားဧည့် သည် ၈၁၆၀၉ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၂၉၈၁ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဝင် ရောက်ခြင်းသည် ၂၀၂၂ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၇၄၁၀ဦးပိုမိုဝင်ရောက်ထားကြောင်းနှင့် ယခုနှစ်ဆန်းပိုင်း၌လည်း ယမန်နှစ်ကာလတူထက် ပိုမိုဝင်ရောက်မှု များပြားနေကြောင်းသိရသည်။
ငပလီ ကမ်းခြေသည် ရခိုင်ပြည်သံတွဲမြို့နယ် တွင်တည် ရှိပြီး ကမ်းခြေ၌အပန်းဖြေခြင်းများအပြင် ပုလဲကျွန်း၊မီးပြတိုက်၊တံငါရွာများသို့သွားရောက်လေ့လာနိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ငှက်ပျောချည်ထည်ကနေထုတ်တဲ့ ငှက်ပျောခြုံပုဝါကို လူကြိုက်များတယ်၊ ဖိနပ်ဆိုရင်လည်းအေးတော့ လူကြိုက်များတယ် brand တစ်ခုအနေနဲ့လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်ဆဲကာလမလို့ ပြည်တွင်းဈေးကွက်ကျယ်ပြန့်တာတော့ မရှိသေးဘူး၊၊လူတော်တော်တော့သိနေပြီ၊ ၂၀၂၄မှာတော့ လိုအပ်တာတွေဖြည့်ဆည်းပြီးတော့ အလုပ်ရုံကော ဈေးကွက်တစ်ခုထဲကို ဝင်ဖို့စလုပ်နေပါပြီ၊ အနီးဆုံးနိုင်ငံတွေက နည်းပညာယူပြီး ဆက်လုပ်ဖို့လုပ်နေတယ်"
Yangon Times/NN
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_12 January 2024
မောင်နှမချင်း၊ သားအမိချင်း အတူကြည့်ရန်မသင့်လျော်သည့် ညစ်ညမ်းသော တေးသီချင်း၊ ဗီဒီယိုများရိုက်ကူးထုတ်လွှင့်ခြင်းများနှင့် ပတ်သက်၍ သတိ ပေးတားမြစ်ချက်တစ်ခု ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပြီဖြစ်ပြီး မလိုက်နာသူများကို တည်ဆဲဥပဒေဖြင့်အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်း၊
သို့ဖြစ်ပါ၍ လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့်ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေးကြေညာအပ်ကြောင်း ဖော်ပြထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်သက်ဆိုင် ရာအလိုက်ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးနိုင်ရန် အသိပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ရေခဲနေတဲ့ ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်" မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 13 January 2024
၂၀၂၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေစာရင်းဇယားများကို အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် ပိုမို တိကျမှန်ကန်သော အနာဂတ်လူဦးရေနှင့် လူမှုစီးပွားအချက်အလက် များကို ခန့်မှန်းနိုင်ရန် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကောက်ယူရန် အတွက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းလုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစဉ်လေးရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို ၂ဝ၂၄ ခုနှစ်တွင်ရှိလာမည့် ခန့်မှန်းလူဦးရေအပေါ် အခြေခံ၍ ကောက်ကွက်စုစုပေါင်း ၁၈၁၃၂ ကွက်အတွက် စာရင်းစစ် ၁,၄၈၇ ဦး၊ စာရင်းကောက် ၅,၄၃၆ ဦး၊ ပေါင်း ၆,၉၂၃ ဦး ခန့်မှန်းတွက်ချက်ထားရှိပြီး လိုအပ်သည့် စာရင်းစစ်/ စာရင်း ကောက်များအတွက် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များအဖြစ် အခြေခံဒေသစာရင်း ပြုစုခြင်း၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက် များ ဖွဲ့စည်းခြင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသင်တန်း နည်းပြများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးနှင့် စာရင်းစစ်/ စာရင်းကောက်များ တာဝန်ပေးအပ်နိုင်ရေးအတွက် ဗဟိုအဆင့်
နည်းပြသင်တန်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း၊ ခရိုင်အဆင့် နည်းပြ သင်တန်းနှင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ခရီးသွားကဏ္ဍ အနာဂတ်အစီအစဉ်များရေးဆွဲရန် ခရီးသွားစစ်တမ်းကောက်ယူနေပါတယ်။ စစ်တမ်းကရတဲ့ ဒီအချက်အလက်လေးတွေရပြီဆိုရင် ကျွန်တော်တို့ဘယ်နေရာတွေမှာ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေလဲ၊ ဒါဆိုရင် ကျွန်တော်တို့က ဘယ်နေရာမှာ ရင်နှီးမြှုပ်နှံမှု လုပ်ဖို့လိုပြီလဲ၊ ဒါတွေကို သိခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမယ့်သူတွေကိုလည်းပဲ ဖိတ်ခေါ်နိုင်တာပါတယ် "
Yangon Times/NN
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_ 13 January 2024
ဂျပန်ရိုးရာအငွေ့အသက်ဖြင့်နှစ်သစ်ကြိုဆိုပွဲနှင့် ဂျပန်မှာပညာတော်သင်သွားရောက်လိုသူများအတွက် Study in Japan Fair 2024ကျင်းပသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)မှသိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နှစ်သစ်တစ်ခုကူးပြောင်းသွားခြင်းကို ကြိုဆိုသည့်အနေဖြင့်ဂျပန်ရိုးရာနှစ်သစ်ကူးချိန် အပြင်အဆင်များနှင့်အတူ ရိုးရာကစားနည်းများ၊ဂျပန်ရိုးရာစာလုံးလှရေးသားခြင်းများ၊အထိမ်းအမှတ်တစ်ခုအဖြစ် အမြတ်တနိုးစားသုံးလေ့ရှိသည့်မိုချိမုန့်ပြုလုပ်ခြင်းကို သရုပ်ဖော်ပြသသွားမည် ဖြစ်သည်။
အဆိုပါ နှစ်သစ်ကူးကြိုဆိုပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဗဟန်းမြို့နယ်၊နတ်မောက်လမ်းသွယ် (၁)လမ်းရှိ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန် )၌ ကျင်းပသွားရန်ရှိပြီး အများပြည်သူပါဝင်ဆင်နွဲနိုင်သည်ဟုဆိုသည်။
ဂျပန်ရိုးရာနှစ်သစ်ကြိုဆိုပွဲ အပြင်ဂျပန်ပညာတော် သင်ဆုရရှိလိုသူများ၊ ဂျပန်တွင်ပညာသွားရောက်သင်ကြားလိုသူများအတွက် Study in Japan Fair 2024 for ASEANကိုအွန်လိုင်းကနေတစ်ဆင့် ကျင်းပသွားမည်ဖြစ်သည်။
Study in Japan Fair 2024 for ASEANတွင် ဂျပန်နိုင်ငံ၏ တက္ကသိုလ်၊ သက်မွေးပညာသင်ကောလိပ်နှင့်ဂျပန်ဘာသာစကားကျောင်းစသည့် ပညာရေးအဖွဲ့အစည်း (44)ခုမှ ပါဝင်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ဂျပန််တွင်ပညာသင်ကြားလိုသူများ အနေဖြင့် ဇန်နဝါရီလ 26, 27, 28 ရက်များတွင် မိမိတို့စိတ်ဝင်စားသည့်ကျောင်း၏Zoom Group Consultation ကိုတက်ရောက်ပြီး သက်ဆိုင်ရာကျောင်း၏တာဝန်ရှိသူနှင့် အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်ပြီးအသေးစိတ်ကို The Japan Foundation Yangon Pageတွင် သွားရောက်လေ့လာနိုင်ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 458 of 1811