#Daily_News
Published 6 March 2025
၁။ ထိုင်းကွန်ဒိုဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံတွင် မြန်မာကထိပ်ဆုံး၌ ရပ်တည်
၂။ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော်သာ တင်ပို့နိုင်ပြီး ပို့ကုန်ရငွေလျော့ကျခဲ့
၃။ မော်တင်စွန်းပွဲတော် ကာလဖြစ်၍ငွေတောင်ကမ်းခြေသို့ အပန်းဖြေခရီးသွားများပြားနေ
၄။ တရုတ်ထိပ်သီးနိုင်ငံရေးအကြံပေးအဖွဲ့CPPCC အမျိုးသားကော်မတီ၏ နှစ်စဥ်အစည်းအဝေး ပေကျင်း၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသက ထွက်ရှိတဲ့ ထုတ်ကုန်တွေကို ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက် ထုတ်ကုန်တွေရဲ့ အရည်အသွေးထိန်းသိမ်းမှုတွေကို ပံ့ပိုးဆောင်ရွက်ပေးနေတယ်လို့ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရပါတယ်။
#Local_News
Published 6 March 2025
#ပြင်ဦးလွင်ဒေသထွက်ကုန် #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
#Local_News
Published 6 March 2025
▪️ ယနေ့မတ်လ ၆ရက် နေ့လည်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားရာ Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ မီးလောင်မှုမှာ နေ့လယ် (၁၂)နာရီ (၄၆)မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းနှင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များနှင့်အတူ နယ်မြေခံလူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
▪️ သို့သော် မီးလောင်ကျွမ်းမှုများသဖြင့် နေ့လယ် (၁၂)နာရီ (၅၃)မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် (၁)နာရီ(၄)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၁) နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆံတော်ရှင်မြတ်မော်တင်စွန်းပွဲတော်ကာလဖြစ်တာကြောင့် ငွေတောင်ကမ်းခြေကို အပန်းဖြေခရီးသွားလာရောက်တာ များပြားနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
#Local_News
Published 6 March 2025
#ငွေတောင်ကမ်းခြေ # အပန်းဖြေခရီးသွားလာရောက်
#YMG/NN #Yangon_Times
#Local_News
Published 6 March 2025
▪️ ကလီကမ်းနားတွင် စက်သမ္ဗာန်တစ်စီးတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော (၁၇)နှစ် အမျိုးသားတစ်ဦး ၏ DB အား ယနေ့မနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ သိရသည်။
▪️ မတ်လ ၄ ရက်နေ့၊ နေ့လယ် ၂နာရီ ၅၅ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ကလီဆိပ်ကမ်းသို့ မောင်းနှင်လာသည့် သမ္ဗာန်ယာဉ်(၁)စီးသည် ကလီဆိပ်ကမ်းအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သမ္ဗာန်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ(၁၂)ဦးအနက် (၁၁)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ကျန်ပျောက်ဆုံးနေသူ(၁)ဦးအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပျောက်ဆုံးနေသည့် (၁၇)နှစ် အမျိုးသားတစ်ဦးအား မတ်လ၆ ရက်နေ့မနက် ၇ နာရီအချိန်ခန့်က ကလီကမ်းနားဆိပ်တွင် DB တွေ့ရှိ၍ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းကာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ DB ဆယ်ယူပြီး နိဗ္ဗာန်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဖေဖော်ဝါရီလအတွင်းပြည်ပနိုင်ငံတွေကို ကန်ဒေါ်လာသန်း ၅၀ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက တန်ချိန်တစ်သိန်းခန့်အထိ လျော့နည်းတင်ပိုခဲ့နိုင်ခဲ့တာကြောင့် ပို့ကုန်ရငွေလည်း လျော့နည်းရရှိခဲ့တယ်လို့ မြန်
မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 6 March 2025
#ဆန်နဲ့ဆန်ကွဲတင်ပို့ #ပို့ကုန်ရငွေလျော့ကျ
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံကကွန်ဒိုတွေဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
#Local_News
Published 6 March 2025
#ထိုင်းကွန်ဒိုဝယ်ယူမှု #မြန်မာကထိပ်ဆုံး
#YMG/SW #Yangon_Times
Page 460 of 2357