Published 30 May 2024
လာမည့်ဇွန်လတွင် ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် အစင်း (၅၀) ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ရာယနှစ်ဝက်အတွင်း သင်္ဘောအစင်း၃၀၀ကျော်အထိ ဆိုက်ကပ်မည်ဖြစ်ကြောင်း
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။၂၀၂၄ခုနှစအတွင်း လအလိုက် ကုန်သေတ္တာတင်ယာဉ်များ ဝင်ရောက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊ မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင်လည်း (၅၀) စင်း၊ မေလတွင် (၅၂) စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှမေလအထိ ငါးလတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၂၅၉) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ရာ ဇွန်လတွင်းအစင်းရေ၅၀ဆိုက်ကပ်ပါက ခြောက်လတာအတွင်း
အစင်းရေ ၃၀၉စင်းအထိဆိုက်ကပ်သွားမည်ဖြစ်သည်။
ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော (၆၄၇) စင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း ၊ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
Publicshed 30 May 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ယခုနှစ် မိုးစပါးဧက ၉ ဒသမ ၆ သိန်းအား လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်မှုတွင် ၂၀၂၂ - ၂၀၂၃ ခုနှစ်၌ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက် သုံးစွဲခဲ့သည့် ချေးငွေနှင့် ဝန်ဆောင်ခအားလုံး ပြန်လည်ရရှိပြီးဖြစ်ကြောင်း ကျန်ရှိသော စီမံကိန်းလုပ်ငန်းများ၏ ချေးငွေနှင့် ဝန်ဆောင်ခများကို သတ်မှတ်ကာလ အချိန်မီရရှိရေးနှင့် အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆက်လက်ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းအား ရုံးချုပ်နှင့် တိုင်းဒေသကြီး လက်ကျန်ရန်ပုံငွေ နွေစပါးချေးငွေမှ ပြန်လည်ကောက်ခံရရှိမည့် ငွေများဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အဆိုပြုဧကအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ စိစစ်အဆိုပြု ဧက ၉ ဒသမ ၆ သိန်းအား လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၁၈) မြို့နယ်၊ တောင်သူ (၁၃၃) ဦး၊ လု ပ်ငန်း (၁၆၃) ခုမှ စိုက်ပျိုးမြေဧက (၁၄၀၀)ကျော်အတွက် စိုက် ပျိုးရေ ရရှိရေးကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
Published 30 May 2024
နှစ်သက်တမ်း (၁၀၀)ကျော်ရှိပြီဖြစ်သည့် ရန်ကုန်၊ ဧရာဝတီနှင့်ရခိုင်ရှိ အဆောက်အုံ(၃၀)ကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းရှိနှစ်သက်တမ်း(၁၀၀)ကျော်ပြီဖြစ်သည့် (၁)ဒေါပုံသင်္ဘောကျင်း၊ (၂)ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(ယခင် Government Telegraph Office)၊(၃) Kyaw Home Mart(ယခင် TeJoomal Department Store)၊(၄) အင်းဝဘဏ်(ယခင် Mercantile Bank of India)၊(၅) ပင်စင်ဦးစီးဌာန(ယခင် CURRENCY DEPARTMENT) ၊(၆)မြန်မာနိုင်ငံသားများဘဏ် (ယခင် Misquit & Co) ၊(၇)မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၊ (၈)ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးအဆောက် အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်သည်ဟုဆိုသည်။
ဧရာဝတီတိုင်းရှိ နှစ်သက်တမ်း(၁၀၀)ကျော်ပြီဖြစ်သည့်(၁)ပုသိမ်ရှိ ကတ်သလစ်သာသနာစိန့်ပီတယ် ဘုရားကျောင်း၊(၂)ပုသိမ်ခရိုင်ထွေအုပ်ဦးစီးဌာနမှတ်တမ်းများ ထားရာရုံး၊(၃)ဓနုဖြူမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်း၊(၄)အသောရုံကျောင်း(၅)တိုက်ကြီးကျောင်း၊(၆)သုဒဿနကျောင်း၊(၇)သုခိတာရာမ သုံးထပ်သိမ်ကျောင်း၊(၈)ရတနာစိန်ကျောင်း၊(၉)ဗောဓိကျောင်း၊(၁၀)မြကျောင်း၊(၁၁)မှန်ကင်း ကျောင်း၊(၁၂)ဝေဇယန္တာကျောင်း အဆောက်အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်ရှိ(၁) သဒ္ဓမ္မဇောတိကာရုံကျောင်း၊(၂)ဦးရဲကျော်သူကျောင်းတိုက်၊(၃) ဂြစ်ဘက်ကျောင်းတိုက်၊(၄)ပညာလင်္ကာရကျောင်း တိုက်၊(၅)ရွှေစေတီကျောင်းတိုက်၊ ပေါက်တောမြို့နယ်ရှိ(၆)ရွာချောင်းကြီးကျောင်းတိုက်၊(၇) ပန်းဖဲချောင်းကျောင်းတိုက်(ကျောက်တော်ကံဇောက်)၊မြောက်ဦးမြို့နယ်တွင်းရှိ(၈)ဘုရားပေါ်ဘုန်းတော် ကြီးကျောင်းတိုက် (၉)ကန်စောက်ကျောင်းတိုက်၊သံတွဲမြို့နယ်ရှိ(၁၀) ငလျင်တောင်ကျောင်း အဆောက်အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအဆောက်အအုံ(၃၀)ကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်း အဆောက်အအုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၃၄၊ပုဒ်မခွဲ(ခ)အရ အင်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ ရှေးဟောင်းအဆောက်အအုံအဖြ စ်သတ်မှတ် ထိန်းသိမ်းမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 29 May 2024
ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါရှိ သက်တော်ရှည် မဟာဝိဇိတာရုံ ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိ က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစာရိန္ဒာ ဘိဝံသ ၊ ဆရာတော်ကြီး နှင့်နိုင်ငံ တော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အား နစက ဥက္ကဌ က ယနေ့ မေလ ၂၉ ရက် တွင် သွား ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆရာတော်ကြီး၏ ကျန်းမာ ရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လို အပ်သည်များကိုဖြည့်ဆည်းဆောင် ရွက် ပေးရန်၊ ကိုယ်ခံစွမ်း အား ရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ် ရှားမှု လေ့ကျင့်ခန်း များလုပ်ဆောင်နိုင်ရေး တို့အတွက်ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ကျန်း မာရေးအ ခြေအနေ သက်သာလာကာ ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာ တွင် အဆင်ပြေချောမွေ့စေရေး ကျန်းမာ ရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် တို့ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား အားပေးစကား ပြောကြား၍ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ် ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
နစက ဥက္ကဌ၏ အဆိုပါ ခရီးစဉ်အတွင်း တပ်မတော်နည်းပညာ တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိက အရာ ရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သေးကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 30 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 29 May 2024
၁။ မနှစ်ကထက် ဈေးတက်ပေမည့်လည်း ဂျပန်ထီးများ ရောင်းအားတက်နေ၊ မစောတံတားဖြတ်ရန် ထီးကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရ
၂။ သယ်ယူပို့ဆောင်ရန်အခက်အခဲနှင့် အရည်အသွေးကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်း
၃။ ဆိတ်မွေးမြူသူ နည်းလာသည့်အတွက် မွေးမြူရေးဆိတ်မဈေးကွက် တစ်ကောင်လျှင် ကျပ်သုံးသောင်းခန့် ဈေးကျဆင်း
၄။ တရုတ်ပြည်အလယ်ပိုင်းဟူနန်ဒေသတွင် ဒရုန်းဖြင့် ပစ္စည်းပို့လုပ်ငန်း စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အချို့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ကို ပြန်သွားကျတာရှိပေမယ့် နေရပ်ပြန်ရန် အဆင်မပြေသေးသူများနဲ့ ထပ်တိုးရောက်ရှိလာသူတွေအပါအ၀င် တောင်ငူမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း ၆၅ ခုမှာ နေထိုင်ရတဲ့ နေရပ်စွန့်ခွာ ပြည်သူတစ်သောင်းဝန်းကျင်ခန့် ရှိသေးတယ်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၂၉ မေ ၂၀၂၄
မြန်မာနိုင်ငံမှာ အငယ်စား နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ပူးပေါင်းဆောင် ရွက်ရေး အခြေခံမူဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ရုရှားဖက်ဒရေးရှင်း အစိုးရက အတည်ပြုပေးလိုက် ပြီလို့ သိရပါတယ်။
အဆိုပါသဘောတူညီချက်မူကြမ်းကို ရုရှားအစိုးရက ၂၀၂၄ခုနှစ် မေလ ၂၃ရက်နေ့တွင် အမိန့်အမှတ် 1225-r ဖြင့် အတည်ပြုလိုက်တာဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ မီဒီယာများက သတင်း ရေးသားဖော်ပြကြပါတယ်။
“ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက် နေ့စွဲပါ အစိုးရအမိန့်အမှတ် 1255-R အရ မြန်မာနိုင်ငံတွင် water reactor ကို အခြေခံ၍ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန်ပံ့ပိုးပေးသည့် Rosatom နိုင်ငံပိုင်ကော်ပိုရေး ရှင်း မှတစ်ဆင့် စာရွက်စာတမ်းတစ်ခု လက်မှတ်ရေးထိုးနိုင်မည် ဟု မျှော်လင့်ပါသည်” လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံရဲ့ကုန်သွယ်ရေးကိုယ်စားလှယ် တယ်လီဂရမ်စာမျက်နှာမှာလည်း အဆိုပါသတင်းကို ဖော်ပြထား ပါတယ်။
အဆိုပါသဘောတူညီချက်မူကြမ်းကို Rosatom ကော်ပိုရေးရှင်းက တင်ပြခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အခြားသောဖက်ဒရယ်အဆင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက သဘောတူခဲ့ကြ တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီစီမံကိန်းကို မြန်မာဘက်က တွက်ချက်မှုတွေ ဆောင် ရွက်ပြီးစီးပြီဖြစ်တယ်လို့ဆိုပါတယ်။
မူကြမ်းမှာ မြန်မာနိုင်ငံ၌ ရုရှားရဲ့ ဖိအားသိပ်ရေဓာတ်ပေါင်းဖို pressurized water reactors တွေအပေါ် အခြေခံပြီး အနည်းဆုံး ၁၁၀ မဂ္ဂါဝပ်ထွက်ရှိမယ့် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်မှာ ဖြစ်ပါတယ်။
မူကြမ်းရဲ့အခန်း(၂)မှာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေကိုဖော်ပြထားပါတယ်။ အဲဒါတွေကတော့ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ တိုင်းတာတွက်ချက်မှု engineering surveys ၊ ပတ်ဝန်းကျင်အကျိုးသက် ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှု EIA၊ နျူကလီးယားဓာတ်အားပေးက်ရုံ ဒီဇိုင်းနှင့်ဆောက်လုပ်ရေး၊ စက်ကိရိယာများနှင့်ပစ္စည်းများ ထောက်ပံ့ခြင်း၊ လောင်စာဆီထောက်ပံ့ခြင်း၊စက်တပ်ဆင်ခြင်းနှင့် လုပ်ငန်း အပ်နှံခြင်း၊ အာမခံဝန်ဆောင်မှု၊အသုံးပြုလောင်စာဆီစီမံခန့်ခွဲမှု၊ လေ့ကျင့်သင်တန်းများနှင့် အခြားသော နယ်ပယ်တွေပါဝင်တယ်လို့ အဆိုပါသတင်းမှာရေးသားထားပါတယ်။
ရုရှားဘက်မှာ Rosatom နှင့် RTN တို့ပါဝင်ပြီး မြန်မာဘက်အခြမ်းမှာ အမျိုးသား နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်ရေးကော်မတီနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပါဝင်တယ်လို့လည်းသိရပါတယ်။
ရုရှားနိုင်ငံမှာတည်ဆောက်သကဲ့သို့ ရုရှားမှာကျင့်သုံးနေတဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေနှင့်အညီ စီမံကိန်းကိုအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။
ရုပ်ဝတ္ထုဆိုင်ရာ အကာအကွယ်ပေးရေးစနစ်ကိုတော့ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီရဲ့ စာရွက် စာတမ်းတွေထဲမှာ ထောက်ခံထားပြီးဖြစ်တဲ့ ဒီဇိုင်းတွေအတိုင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
Source: Atomic Energy မီဒီယာ
Photo: Rosatomက ပြသထားသည့် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံပုံစံငယ်
Page 463 of 2044