#Local_News
Published 15 May 2025

▪️ တရုတ်နိုင်ငံမှပေးပို့လှူဒါန်းသည့်ယာယီနေအိမ်များကို မန္တလေး၊စစ်ကိုင်းနှင့် နေပြည်တော်သို့ ခွဲဝေပို့ဆောင်‌ေပးထားကြောင်းခွဲဝေပို့ဆောင်‌ေပးထားကြောင်းနိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

▪️ ယာယီနေအိမ်အဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Houseအလုံး ၄၅၀၀ အနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ထို၁၅၇၆လုံးတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၁၆ လုံး၊ နေပြည်တော်သို့ ၁၈၄ လုံးတို့ကို ၁၁-၅-၂၀၂၅ ရက်နေ့တွင် မြန်မာ့မီးရထားဖြင့် ပို့ဆောင်ခဲ့ရာ ၁၂-၅-၂၀၂၅ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ထိုရောက်ရှိလာသည့်ယာယီအိမ်များကို ဖြန့်ခွဲဆောင်ရွက်လျက်ရှိပြီး ထပ်မံပို့ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

▪️ ထို့အပြင် ယာယီရုံးအဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Office အလုံး ၅၀၀ အနက် အလုံး ၃၄၀သည် ၂-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ၂၁၆ လုံးကို နေပြည်တော်သို့ ၆-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ အလုံး ၈၀ နှင့် နေပြည်တော်သို့ ၄၄ လုံးတို့ကို ၁၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာ့မီးရထားဖြင့် သယ်ဆောင်ခဲ့ပြီးဖြစ်၍ ယာယီရုံးခန်းများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

▪️ မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော တာပေါ်လင်/ မိုးကာစ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ရေသန့်စက်၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန)သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ ဖြန့်ခွဲပေးပို့ပြီးဖြစ်ကြောင်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဒီဇယ်ဆီ တန် ၃၀၀၀၀၊ ဓာတ်ဆီ တန် ၂၀၀၀၀ အနက် ဒီဇယ်ဆီ တန် ၁၈၀၀၀ သည် ၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ဓာတ်ဆီတန် ၁၇၀၀၀ သည် ၇-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times