အခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးငြိမ်နေသော်လည်းသက်ြန်ကာလနီးကပ်နေတာကြောင့် ဝယ်လိုအားများနေတယ်လို တစ်နိုင်တစ်ပိုင်ရောင်းချသူတွေထံကသိရပါတယ်။
#Local_News
Published_ 10 April 2024
#စက်သုံးဆီဈေးငြိမ်နေ #ဝယ်လိုအားများနေ
#YMG/NN #Yangon-Times
#Local_News
Published 10 April 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီ လ ၉ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြကာ ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
#Local_News #K-pop အနုပညာရှင် #ရန်ကုန်သို့ရောက်ရှိ #YMG/LW #Yangon_Times
ဧပြီ(၁၀)ရက်မှာ စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ ရှိတယ်။ ဧပြီလ(၁၁)ရက်နဲ့(၁၂)ရက်တို့မှာ ဒေသ(၉)ခုမိုးရွာဖို့ ရှိတယ်။
#Local_News
Published_ 10 April 2024
#နေ့အပူချိန်ပြင်း #မိုးထစ်ချုန်းရွာ
#tthl #Yangon_Times
#Lcoal_News
Published_ 10 April 2024
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အထိ (၁၅)ရက်ကြာ စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၄၂၀၀၀)ခန့်ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်သည်ဟုဆိုသည်။
"သန်းခေါင်စာရင်းကောက်ယူရာတွင် Tablet များအသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်းကောက်ယူထားသည့် အချက်အလက်များအား အချိန်တိုအတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့နိုင်ပြီး အားလုံး ကောက်ယူပြီးစီးသည်နှင့် လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံးထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း" လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ၌ထည့်သွင်းပြောကြားခဲ့သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားကြောင်း၊
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း၊
သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက် ရန်လျာထားကြောင်း သိရသည်။
နေပြည်တော်ကောင်စီအနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၀၉၄ ဦး ခန့်ထားဆောင်ရွက်ရန် လျာထားကြောင်းနှင့် စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့် မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက် အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Inter-views-CAPI) ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#Lcoal_News #ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် #tthl #Yangon_Times
#Local_News
Published 10 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းထိပ်တွင် ကားမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဧပြီ လ ၁၀ ရက် မနက် အစောပိုင်း ၃နာရီ ၅၄ မိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာမရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၄နာရီ ၆ မိနစ်က မီးငြှိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ခဲ့သည့် ကားမှာ ပရိုဘောက်အမျိုးအစားဖြစ်ပြီး ကားစက်နှိုးရာမှ လောင်ခြင်းဖြစ်ကြောင်းအနီးနား နေထိုင်သူများထံက သိရသည်။
အဆိုပါ ကားမီးလောင်မှုကြောင့် ကားတစ်စီးလုံးခန့်ပျက်စီးဆုံးရှုံးခဲ့ကာ မီးလောင်သည့် အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ကားမီးလောင်မှုဖြစ် #YMG/LW #Yangon_Times
#Daily_News
Published_ 09 April 2024
၁။ တရုတ်နိုင်ငံမှ EV ကားတင်သွင်းခြင်းအပြင် မြန်မာနိုင်ငံ၌ EVကားထုတ်လုပ်ရန်အစီအစဉ်ရှိ
၂။ သင်္ကြန်ကာလ မိုးယွန်းကြီးအင်းဘေးမဲ့တောဖွင့်လှစ်ထားမည်ဖြစ်ပြီး ညအိပ်တည်းခိုရန်အတွက် ကြိုတင်စုံစမ်းသူများရှိဟုဆို
၃။ မိုးစပျစ်ရာသီအတွက် ကိုင်းပြင်ခြင်းများစတင်ပြုလုပ်
၄။ အဝလွန်သူအများဆုံးစာရင်းတွင် ထိပ်ဆုံး၌ အိန္ဒိယနိုင်ငံပါဝင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၉ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ယနေ့ ဧပြီ ၉ ရက် တိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး အဓိက မြို့ကြီးများတွင် အဆင့် (၅)နေရာ၌ ရှိခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ ကာလီဖိုနီးယားအခြေစိုက် လေအရည်အသွေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုင်ကျူအဲယား IQAir ၏ လတ်တလော အဆင့်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ လေအရည်အသွေးညွှန်းကိန်း သည် ၁၅၄တွင်ရှိပြီး လေထုအညစ်ညမ်းဆုံးအဓိက မြို့များ The Most Polluted Major Cities နှိုင်းယှဉ်ထုတ်ပြန်သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ပဥ္စမမြောက် လေထုအညစ်ညမ်းဆုံးအဆင့်ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ပထမအဆင့်ရရှိသည့်မြို့မှာ ဆီနီဂေါနိုင်ငံ ဒါ့ကာမြို့ဖြစ်ပြီး လေအရည်အသွေးအညွှန်းကိန်း ၂၀၂ ရှိပါတယ်။
ဒုတိယအဆင့်တွင်ညွှန်းကိန်း ၁၉၇ဖြင့် နီပေါနိုင်ငံ မြို့တော် ခတ္တမန်ဒူ၊တတိယနေရာတွင် ညွှန်းကိန်း ၁၇၈ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ စတုတ္ထနေရာတွင် ညွှန်းကိန်း ၁၅၅ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ရှိခဲ့ကြောင်း အဆိုပါ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၏ လေအရည်အသွေးညွှန်းကိန်း ၁၅၄ သည် အုပ်စုခွဲခြားသတ်မှတ်ချက်အရ ကျန်းမာရေးနှင့်မညီညွတ် သည့် အုပ်စုတွင်ရှိနေတာဖြစ်ပါတယ်။
ညွှန်းကိန်း၀- ၅၀ အထိ ကောင်းမွန်သောအဆင့်အုပ်စု၊ ၅၁-၁၀၀ အထိ အတန်အသင့်ကောင်းမွန်သောအုပ်စု၊ ၁၀၁-၁၅၀ အထိ သတ်မှတ်သော လူအုပ်စုများအတွက် ကျန်းမာရေးနှင့်မညီညွတ်သောအုပ်စု၊ ၁၅၁- ၂၀၀ အထိ ကျန်းမာ ရေးနှင့်မညီညွတ်သော အုပ်စု၊၂၀၁-၃၀၀ အထိ ကျန်းမာရေးနှင့် အလွန်မညီညွတ်သောအုပ်စုနှင့် ၃၀၀ နှင့်အထက် သည် အန္တရာယ်ဖြစ်စေသောအုပ်စုဟု သတ်မှတ်ထားကြောင်းသိရပါတယ်။
Source: IQAir
Page 467 of 1973