#Daily_News
Published 03 September 2024
၁။ မြန်မာမီးသတ်တပ်ဖွဲ့ 'အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်မတော်တဆမှု ကယ်ဆယ်ရေးပြိုင်ပွဲ'၌ ပါဝင်ယှဉ်ပြိုင်မည်
၂။ ကမ္ဘာ့ရွှေဈေးတစ်ရက်တည်း(၁၆)ဒေါ်လာပြန်ကျ၍ မြန်မာ့ရွှေဈေးလည်း(၂)သောင်းကျော်ပြန်ကျ
၃။ ၈ လ အတွင်း YBS ယာဉ်မတော်တဆမှုကြောင့်ေ-သဆုံးသူ ၃၀အထိရှိလာ
၄။ ရှန်ပင်ကျောင်သာစကားပြောတတ်လျှင် အကြောင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လွှင့်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာ့ပြောင်းကို အဓိကတင်ပို့နေတဲ့ ထိုင်းနိုင်ငံကို တင်ပို့တာ ယာယီရပ်နားလိုက်ပေမယ့် ဗီယက်နမ်နဲ့ အိန္ဒိယအပြင် ပြည်တွင်းအစာစပ်စက်ရုံတွေ ဝယ်ယူနေတာကြောင့် ပြောင်းဈေးဆက်ကောင်းနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 03 September 2024
#အရည်အသွေးကောင်းပြောင်း #ပြောင်းဈေးဆက်ကောင်း
#YMG/NN #Yangon_Times
#Local_News
Published 3 September 2024
▪️ ဂျပန်ဘာသာအရည်အချင်းစစ်(Nat-Test) စာမေးပွဲ၏ Certificate Level အလိုက်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း Nat-Test Center Yangon မှ အသိပေးကြေညာထားကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်က ဖြေဆိုခဲ့သည့် အဆိုပါ Nat-Test စာမေးပွဲ၏ Certificate များနှင့် အမှတ်စာရင်းများကိုထုတ်ပေးနေခြင်းဖြစ်ပြီး N2 Level နှင့် N4 Level ကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်၊ N3 Level ကို စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်၊ N5 Level အတွက် စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် Level အလိုက် Certificate ထုတ်ယူရန် သတ်မှတ်ထားသောရက်ပြီးပါက စက်တင်ဘာလ ၆ ရက်မှစတင်၍ Level အားလုံး၏ Certificate များကို ခြောက်လအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း ၊ ထုတ်ယူလိုသူများအနေဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူပါက မှတ်ပုံတင် မိတ္တူ တစ်စောင် (သို့မဟုတ်) မူရင်းယူဆောင်လာရမည်ဖြစ်သည်။
▪️ ၎င်းအပြင် ကိုယ်စားလာရောက်ထုတ်ယူ သူများအနေဖြင့်မှတ်ပုံတင် မိတ္တူ တစ်စောင် ယူဆောင်လာရမည်ဖြစ်ပြီး ခုံနံပါတ်မှန်ကန်စွာသိရှိရန်လိုအပ်ကြောင်းနှင့် လူဦးရေ နှစ်ယောက်ထက်ပို၍ ကိုယ်စားထုတ်ပေး၍ မရကြောင်း သိရသည်။
▪️ သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားလူဦးရေ List ကို letter head ဖြင့် ခုံနံပါတ်များ အတိအကျဖြင့်တစ်ရက်ကြိုတင်ပေးပို့ရန်လိုအပ်ကြောင်း သိရသည်။
▪️ ယင်းအပြင် ထုတ်ယူလိုသူများအနေဖြင့် လိုအပ်သည့်အချက်အလက်များပြည့်စုံပါက အမှတ်-B-11မြေညီထပ်၊ အနော်ရထာအိမ်ရာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင်ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်အလက်များမပြည့်စုံပါက အောင်လက်မှတ်နှင့်အမှတ်စာရင်းများကိုမည်သည့်အကြောင်းကြောင့်မျှ ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်ဆိပ်ကမ်းတွေကိုအခု စက်တင်ဘာလအတွင်း ကုန်သေတ္တာတင်ယာဉ် ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်မှာဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ်။
#Local_News
Published 03 September 2024
#ရန်ကုန်ဆိပ်ကမ်း #ကုန်သေတ္တာတင်ယာဉ်ဆိုက်ကပ်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် YBS ယာဉ် မတော်တဆမှုကြောင့်ေ-သဆုံးသူ ဦးရေဟာ အခုနှစ်ရှစ်လတာအတွင်းမှာ ၃၀ အထိရှိလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Local_News
Published 03 September 2024
#YBSယာဉ်မတော်တဆမှု #YRTC
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ စက်တင်လာလ(၃)ရက်မှာတစ်ရက်တည်း(၁၆)ဒေါ်လာပြန်ကျသွားပြီး မြန်မာ့ရွှေဈေးလည်းနှစ်သောင်းကျော်ကျသွားတယ်လို့ သိရပါတယ်။
#Local_News
Published 03 September 2024
#ကမ္ဘာ့ရွှေပြန်ကျ # မြန်မာ့ရွှေဈေးကျ
#YMG/tthl #Yangon_Times
မလေးရှားနိုင်ငံမှာ လာမယ့် အောက်တိုဘာလမှာကျင်းပမယ့်'အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးပြိုင်ပွဲ'ကို မြန်မာမီးသတ်အဖွဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 03 September 2024
#မြန်မာမီးသတ်အဖွဲ့ #မလေးရှား
#YMG/tthl #Yangon_Times
Page 468 of 2157