#Local_News
Published 26 February 2025
▪️ တာဝါတိုင်ပစ္စည်းများခိုးယူဖြုတ်ခြင်းများကြောင့် လေပြင်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ ၂၃၀ကေဗွီလှိုင်သာယာ-ကျိုက်လတ်လိုင်း Transmission Tower (၃) တိုင် ကျိုးကျခဲ့ရကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီ ၂၄ နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်တွင် အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်ထားသော ၂၃၀ကေဗွီ လှိုင်သာယာ -ကျိုက်လတ်လိုင်းမှာ လိုင်းအပြစ်(Trip) ဖြစ်ခဲ့ရ ကြောင်းသိရသည်။ထို့ကြောင့်သက်ဆိုင်ရာ အဆင့်ဆင့်ကို သတင်းပေးပို့တင်ပြခဲ့ပြီး မိုးလေငြိမ်စ ဖြစ်သည့် (၁နာရီ ၅၃ မိနစ်) ၌ ဓာတ်အားစမ်းသပ်ပို့လွှတ်ခဲ့သော်လည်း လိုင်းလက်မခံဘဲ Permanent Fault အဖြစ် သတ်မှတ်ခဲ့ရကြောင်း သိရသည်။
▪️ ထို့နောက် သက်ဆိုင်ရာ လိုင်းတာဝန်ခံများက လိုင်းအပြစ်ရှာဖွေရာ Transmission Tower အမှတ် ၄၄၊၄၅၊၄၆ (၃) တိုင်မှာတွင်တွင်ကျိုးကျနေပြီး ၄၃၊၄၇ မှာ ကွေးညွတ်နေကြောင်း သိရသည်။
▪️ အဆိုပါ Transmission Tower တိုင်များ ကျိုးကြေသည်အထိ ဖြစ်ရသည့် အဓိက အကြောင်း အရင်းမှာ High Wind Pressure ၊Structure Weaknesses ၊Falling Trees and Debris၊ Lightning Strikes ၊Foundation Issues ၊Infrastructure Attacks စသည့်အချက် ခြောက်ချ
က်ကြောင့် ဖြစ်နိုင်သော်လည်း နောက်ဆုံးအချက်ဖြစ်သည့် Infrastructure Attacks ကြောင့် ဖြစ်ကြောင်း၊ ယင်းအချက်မှာတာဝါတွင် တပ်ဆင်ထားသော အထူးသဖြင့် အောက်ခြေနားတစ်ဝိုက်ရှိ သံဘောင်များ၊ Joint ဆက်များ၊ Plate ပြားများကို ခိုးယူဖြုတ်ရောင်းခြင်းများ အများအပြားရှိကြ၍ လေပြင်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ ပြိုလဲရခြင်းများ ရှိကြ ကြောင်းသိရသည်။
▪️ ထို့ကြောင့် ယခု ၂၃၀ကေဗွီ လှိုင်သာယာ -ကျိုက်လတ် လိုင်းရှိ တာဝါတိုင်များ ပြိုလဲကျိုးကျရခြင်း နှင့် ကွေးညွတ်ရခြင်း၏ အဓိက လက်သည်တရားခံမှာ တာဝါများရှိ ပစ္စည်းများကို မင်းမဲ့စရိုက်ဆန်စွာ ခိုးယူဖြုတ်ကာ ရောင်းချခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရကြောင်း ဆိုထားသည်။
▪️ အဆိုပါ အခြေအနေများကြောင့် လတ်တလောတွင် ကျိုက်လတ်ပင်မဓာတ်အားခွဲရုံကြီးမှ ဓာတ်အားဖြန့်ဖြူးပေးထားသော မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှာ မှောင်အတိကျနေရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပျက်စီးတာဝါများကို အချိန်နှင့်တပြေးညီ ပြုပြင်ခြင်း၊ အသစ်အစားထိုးလဲလှယ်ခြင်းများ ကို စီမံကိန်းမန်နေဂျာ(၁)ရုံး (ရန်ကုန်) ၊ ရေကြည်လိုင်းရုံး၊ ကမာနတ်လိုင်းရုံး၊ ပြည်လိုင်းရုံး များမှ ဝန်ထမ်းလူအင်အား (၁၃၀)ကျော်ဖြင့် ဆောင်ရွက်လျှက်ရှိရာ မကြာမီရက်ပိုင်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 February 2025
▪️ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ရာတွင် တရားဝင်နည်းလမ်းဖြင့်သာ ဆောင်ရွက်ရန်အတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့က ထုတ်ပြန်ထားသည်။
▪️ ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ပြည်ပနိုင်ငံသားများကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များ၏ တရားဝင်မှုရှိမရှိကို စစ်ဆေးကြပ်မတ်လျက်ရှိရာ တချို့သောမြန်မာနိုင်ငံသားများ ကိုင်ဆောင်အသုံးပြုနေသည့် နိုင်ငံကူးလက်မှတ်များတွင် တံဆိပ်တုံးရိုက်နှိပ်ထားပြီး သက်တမ်းတိုးထားသည့်ကိစ္စနှင့် ပတ်သက်၍ တရားဝင်မှုနှင့် စစ်မှန်မှုရှိမရှိတို့ကို မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆက်သွယ်မေးမြန်းမှုအရ မြန်မာသံရုံးမှ စိစစ်ခဲ့ရာ အချို့သော နိုင်ငံကူးလက်မှတ်များတွင် တရားမဝင်တံဆိပ်တုံးအတုအပဖြင့် ရိုက်နှိပ်ကာ သက်တမ်းတိုးထားပြီးသကဲ့သို့ လုပ်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက အဆိုပါနိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုသူများအား လေဆိပ်မှ ထွက်ခွာခွင့်ကို ငြင်းပယ်ကာ ထိန်းသိမ်းခဲ့သည့်ဖြစ်စဉ် မကြာသေးမီကာလ၌ဖြစ်ပေါ်ခဲ့ရာ ထိုထိန်းသိမ်းခံရသူများအတွက် မြန်မာသံရုံးကလိုအပ်သောကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
▪️ ထို့ကြောင့်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များကို တရားဝင်သောနည်းလမ်းဖြင့်သာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ကြရန်အရေးကြီးကြောင်း၊ တရားမဝင် တံဆိပ်တုံးအတုအပပြုလုပ်သူများကိုလည်း ထိရောက်စွာအရေးယူနိုင်ရေးအတွက်လည်း မြန်မာသံရုံးအနေဖြင့် ကိုရီးယားအာဏာပိုင်များနှင့်ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 25 February 2025
၁။ ပုဂံဘုရားများအား မဲခေါင်ဒေသတွင်း ပန်းချီပညာရှင်များ Outdoor Paintingရေးဆွဲ
၂။ ခရမ်းချဉ်သီးဈေးထိုးကျ၍ တောင်သူများအရှုံးပေါ်
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ၂၃သန်းနှင့် ဘတ်သန်း၁၅၀ရောင်းချပေးမည်
၄။ အမေရိကန်နယ်စပ်မူဝါဒများ ပိုမိုတင်းကြပ်လာသဖြင့် ရွှေ့ပြောင်းနေထိုင်သူများအန္တရာယ်များသည့်လမ်းကိုရွေးချယ်ဖို့ဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေရယူထားပြီး ပြန်လည်ပေးဆပ်ခြင်းမရှိတဲ့ ကုမ္ပဏီလေးရာကျော်ရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာသွားမယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 25 February 2025
#ချေးငွေပြန်မဆပ်သည့်ကုမ္ပဏီ #လေးရာကျော်စာရင်းထုတ်ပြန်
#YMG/SW #Yangon_Times
#Local_News
Published 25 February 2025
▪️ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့် တက္ကသိုလ်တို့အကြားပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ် များကိုယခုလ၂၄ရက်က မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်ချုံချင့်မြူနီစီပယ်မြို့ရှိ ချုံချင့်တက္ကသိုလ်(Chongqing University) မှ ဒုတိယပါမောက္ခချုပ် Mr. Jun Yangတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့အကြား သုတေ သနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်တက္ကသိုလ်များအကြား ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ ချုံချင့် တက္ကသိုလ်မှ ပညာသင်ဆုပေးအပ်နေမှုများနှင့် ပညာရေးကဏ္ဍအောက်မှ အခြားပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီလုပ်ငန်းရှင်အတွက်အတွက် အမေရိကန် ဒေါ်လာ၂၃သန်းနဲ့ ထိုင်းဘတ်သန်း၁၅၀ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 25 February 2025
#စက်သုံးဆီလုပ်ငန်းရှင်များ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
နေရာဒေသအနှံအပြားမှာ ခရမ်းချဉ်သီးထွက်ရှိနေချိန်ဖြစ်တာကြောင့် ရှမ်းဒေသက ထွက်ခရမ်းချဉ်သီးတွေကို ဝယ်လိုအားမရှိဘဲ ဈေးနှုန်းတွေထိုးကျနေပြီး စိုက်ပျိုးသူတောင်သူတွေ အရှုံးပေါ်နေတယ်လို့ စိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 25 February 2025
#ခရမ်းချဉ်သီးဈေးကျ #တောင်သူများအရှုံးပေါ်
#YMG/NN #Yangon_Times
Page 472 of 2357