Published_ 06 April 2024
ငမိုးရိပ်ချောင်းကျော်ပြီး ဓာတ်အားလိုင်းကြိုးဆွဲနေ၍သင်္ကန်းကျွန်းမြို့နယ်တွင် လျှပ်စစ်မီး(၃)ရက် ဆက်ပျက်မည်ဖြစ်ကြောင်း သင်္ကန်းမြို့နယ် YESCမှထုတ်ပြန်ထားသည်။
ဧပြီလ(၆)၊(၇)၊(၈)ရက်ဆက်တိုက် နေ့စဉ်မနက် (09:00) နာရီမှညနေ(15:00)ထိ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းအသိပေးထားခြင်းဖြစ်သည်။
33kVသင်္ဃန်းကျွန်းကြီးပွားရေးမြောက်ခွဲရုံသို့ဓာတ်အားပေးထားသော ငမိုးရိပ်ချောင်းကျော်ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်စဥ်အချိန်အတွင်း
သုံးရက်တိတိ (၆-၄-၂၀၂၄ မှ ၈-၄-၂၀၂၄ ထိ) နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ YESC၏ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၆ ဧပြီ ၂၀၂၄
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေ လျနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရသူက ဧပြီ၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
၂၀၁၃ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဩစတြေလျနိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဘစ်ရှော့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်က တာဝန်ပြီးဆုံးခဲ့တဲ့ စင်္ကာပူသံတမန် နိုလင်းဟေဇာရဲ့နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။
သူမဟာ ၂၀၂၀ ဇန်နဝါရီလမှာ ဩစတြေလျအမျိုးသားတက္ကသိုလ် အေအင်န်ယူရဲ့ အဓိပတိအဖြစ်ခန့်အပ်ခံရပါတယ်။ အေအင်န်ယူရဲ့ ဒုတိယအဓိပတိ ပါမောက္ခ ဂျီနီဗီဘဲလ်က ဘစ်ရှော့ဟာ ထိုက်ထိုက်တန်တန်အသိအမှတ်ပြုခံရတာဖြစ်တယ်လို့ ပြောပါတယ်။
“ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျွန်မခန့်အပ်ခံရလို့ အထူးဂုဏ်ယူမိပါတယ်” လို့ ဘစ်ရှော့ကပြောပါတယ်။
သူမဟာ မူဝါဒ၊ဥပဒေနှင့် အကြီးတန်းစီမံခန့်ခွဲမှု အတွေ့အကြုံရင့်ကျက်သူဖြစ်တယ်လို့ ကုလက ပြောပါတယ်။
သူမဟာ ဒေသဆိုင်ရာမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုတွေ အားကောင်းခဲ့ပြီး ပထမဆုံးသော ပင်လယ်ပင် ဖျန်ဖြေရေး ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
Source Reiters/Agencies
#Daily_News
Published_ 05 April 2024
၁။ ရွှေတိဂုံစေတီတွင် နှစ်သစ်ဦးအလှူအဖြစ် သင်္ကြန်တွင်း စတုဒိသာလှူဒါန်းနိုင်ရန် စီစဉ်ပေးနေ
၂။ လာမည့် မေလ ၁ရက်နေ့မှစပြီး UID ကတ်ပါမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်
၃။ ချေးငွေ၊ ဆုကြေးနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ ဆက်လက်ရှိနေ
၄။ တရုတ်နိုင်ငံ ဟိုနန်သည် ကမ္ဘာပေါ်တွင် လူလုပ်ဓာတ်ခွဲခန်းစိန်ကို အများဆုံး ထုတ်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 05 April 2024
ကူဝိတ်၊ကာဂျစ်စတန်၊ဗီယက်နမ်၊ထိုင်း၊တရုတ်အသင်းတို့ဖြင့်ယှဉ်ပြိုင်ရန် မြန်မာဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။
AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက် ရှိသည့် ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ဧပြီလ(၅)ရက် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်ဟုဆိုသည်။
ထိုင်းနိုင်ငံတွင် ဧပြီလ ၆ ရက်တွင် ကူဝိတ် အသင်းနှင့် လည်းကောင်း၊ ၁၀ ရက်တွင် ကာဂျစ်စတန် အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ထပ်မံ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယင်းနောက်ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ ယှဉ်ပြိုင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ် အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းတွင် အုပ်ချုပ်နည်းပြ ၁၀ ဦး၊ ကစားသမား ၁၇ ဦးပါဝင်ပြီး အဆိုပါ နည်းပြနှင့် အားကစားသမားများထိုင်းနိုင်ငံသို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းထဲက မှော်ဘီ၊ ကမ္ဘာအေးအပါအဝင် နေ့အပူအချိန်(၄၀) ဒီဂရီဆဲလ်ဆီးယပ်နဲ့ (၄၀)ဒီဂရီ ဆဲလ်ဆီးယပ်အထက်ရှိတဲ့ ဒေသ(၃၀)အထိရှိလာတယ်။ အပူဒဏ်ကြောင့်မူးဝေ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ကိုယ်အပူချိန်မြင့်တက်တာ၊ သတိလစ်တာတွေမဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်တွေ လိုက်နာဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘင်္ဂလားဒေရှ့နိုင်ငံကို တင်ပို့ဖို့ ချင်း(ဂျင်း)ထွက်ရှိတဲ့ဒေသမှာ ဝယ်ယူမှုများနေတဲ့ အတွက် ပြည်တွင်းဈေးကွက် မှာ ချင်းတစ်ပိသာကို ကျပ်၆၀၀၀ ကျော်သို့ ဈေးမြင့်တတ်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 April 2024
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို သင်္ကြန်ပွဲတော်ကာလ၌ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန(ရန်ကုန်)မှ သိရသည် ။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူသွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အများစုကို နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင်များကိုလည်း ယခင် သင်္ကြန်ကာလများ ထက်ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အပြင် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၄၁ ဆိုင်တွင် ၃၄ ဆိုင်ကို နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်ပေးမည့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာ ယာယီပိတ်ထားလျက်ရှိ သည့် အရောင်းဆိုင်များကိုတော့ ဧပြီလ ၁၈ ရက်မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည် ။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင်သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 473 of 1973