#Local_News
Published 31 May 2025

▪️ ထိုင်းဘာသာဖြင့် ကပ်နှိပ်ထားသည့်  Sprite အမှတ်တံဆိပ် အစိမ်းရောင် အချိုရည်ဗူးများကို FDA ထောက်ခံချက်မရှိဘဲ တရားမဝင် တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ သိရသည်။

▪️ ကျန်းမာရေးဝန်ကြီးဌာန ၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန်စဉ်ဆက်မပြတ်ဆောငိရွက်နေကြောင်း သိရသည်။

▪️ ထိုသို့ဆောင်ရွက်လျှက်ရှိရာ ထိုင်းဘာသာဖြင့် ကပ်နှိပ်ထားသည့်  Sprite အမှတ်တံဆိပ် အစိမ်းရောင် အချိုရည်ဗူးများကို FDA ထောက်ခံချက်မရှိဘဲ  ဈေးကွက်များတွင် တရားမဝင် တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည်ကိုစိစစ်တွေ့ရှိရကြောင်း သိရသည်။

▪️ ထို့ကြောင့် စားသုံးသူပြည်သူများ၏ကျန်းမာရေးကိုထိခိုက်စေ နိုင်ပြီး အရည်အသွေး အာမခံချက်နှင့်တာဝန်ယူမှု၊တာဝန်ခံမှုမရှိသည့် ၎င်းအစားအသောက်အမယ်အားဝယ်ယူသုံးစွဲခြင်းမပြုရန်သတိပေးထားကြောင်း သိရသည်။

▪️ ဖြန့်ဖြူးရောင်းချသူများကိုမူ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမပြုပါကအမျိုးသားအစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times