#Local_News
Published 31 May 2025
▪️ ရေတွင်းအတွင်း ကျောက်တုံးနှင့် အမှိုက်များ ဆင်းဆယ်ရာမှ အမျိုးသားတစ်ဦး ေ-သဆုံးမှုတစ်ခုပခုက္ကူမြို့တွင် ယနေ့မနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ မေ၃၁ ရက်နေ့၊ မနက်၈ နာရီ၁၀ မိနစ်အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁၂) ရပ်ကွက်တွင် အမျိုးသား(၁)ဦး ရေတွင်းအတွင်း ကျောက်တုံးနှင့် အမှိုက်များ ဆင်းဆယ်ရာမှ ရေတွင်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ 'အမှိုက်ဆင်းဆယ်ရာကနေ အောက်ဆီဂျင်ပြတ်လပ်ပြီး ဆုံးသွတာပါ ၊ ရေတွင်းထဲ ဆင်းရင် သတိရှိကြဖို့လိုပါတယ်၊ ဒီလိုအဖြစ်တွေ မကြာခဏကြားနေရတယ်'ဟု ဒေသခံတစ်ဦးကပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အမျိုးသား (၁)ဦး၏ ရုပ်အလောင်းအား ဂရုဏာရှင် လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပခုက္ကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times