#Local_News
Published 22 February 2025
▪️ ကျိုင်းတုံမြို့အနီး၌ ယနေ့မနက်ပိုင်းက မြေငလျင်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၄၈)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် ကျိုင်းတုံငလျင်စခန်းမှ အရှေ့ဘက် (၁၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်း တုံမြို့၏ အရှေ့ဘက် (၁၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၇၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Daily_News
Published 21 February 2025
၁။ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း(၄)ခုအတွက် တရုတ်က ဒေါ်လာ ၁ ဘီလျံခန့်ကူညီမည်
၂။ စက်သုံးဆီအမျိုးအစားအားလုံးဈေးပြန်တက်
၃။ ယခုလ ၂၄ ရက်မှ ၂၇ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်
၄။ အဘူဒါဘီ၌ ကျင်းပသည့် (၂၀၂၅)နိုင်ငံတကာ ကာကွယ်ရေးပြပွဲ၌ ထိန်းကွပ်သူမဲ့နည်းပညာမြင့် စစ်ရေးပစ္စည်းအမျိုးမျိုးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပူဇော်ပွဲ(တပေါင်းပွဲတော်)ကို လာမယ့် မတ်လအတွင်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 February 2025
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ #ရွှေဥမင်သဘာဝလိုဏ်ဂူတော်
#YMG/NN #Yangon_Times
ယခုလ၂၄ရက်ကနေ၂၇ရက်အတွင်းအချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 21 February 2025
#အချိန်အခါမဟုတ်မိုးရွာ #မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်တွေက ဆက်တိုက်လိုလို ကျဆင်းနေတဲ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီကနေ့မှာ အမျိုးအစားအားလုံးမြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 21 February 2025
#စက်သုံးဆီအားလုံးဈေးတက် #တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ပြည်တွင်းမှာတည်ဆောက်မယ့်နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်း (၄)ခုအတွက်တရုတ်က အမေရိကန်ဒေါ်လာ၁ဘီလျံခန့် ကူညီသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 February 2025
#နေရောင်ခြည်စွမ်းအင်သုံး #အမေရိကန်ဒေါ်လာ၁ဘီလျံခန့်ကူညီ
#YMG/SW #Yangon_Times
#Local_News
Published_21 Feb 2025
▪️ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများ မှတစ်ဆင့် တရားမဝင် ဝင် ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှု များနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၃၀၀) ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်း နိုင်ငံ အချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြဝတီ- KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်း ကစားမှုများတွင် ပါဝင်လုပ် ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ များနှင့် နောက်ကွယ် မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသား များနှင့် လူကုန်ကူးခံရသည့် နိုင်ငံ ခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေး နိုင်ရေး တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
Page 476 of 2357