နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတစ်ဝန်းက ယာယီနေရပ်စွန့်ခွာသူတွေအတွက် ထောက်ပံ့ကြေးတွေပေးအပ်လျှက်ရှိရာမှာ ငွေကျပ်၁၆၆ဘီလျံကျော်ကို ငါးကြိမ်ခွဲထောက်ပံ့သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 20 February 2025
#ယာယီနေရပ်စွန့်ခွာသူများ #ကျပ်၁၆၆ဘီလျှံကျော်ထောက်ပံ့
#YMG/SW #Yangon_Times
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က တရားမဝင်တင်သွင်းပြီး မှတ်ပုံထားခြင်းမရှိတဲ့ OXYTOCIN (အောက်ဆီတိုစင်) ဆေးဘူးနဲ့ဆေးကတ်တွေကို သုံးစွဲဖို့မသင့်ဘူးလို့ အသိပေးကြေညာထားပါတယ်။
#Local_News
Published 20 February 2025
#OXYTOCINဆေးများ #(FDA)အသိပေး
#YMG/NN #Yangon_Times
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ ၂၀၂၄ အစီအစဉ်အရ လန်ချန်း-မဲခေါင်ယဉ်ကျေးမှုအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၈ ရက်အထိ ၇ ရက်ကြာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 February 2025
#မဲခေါင်-လန်ချန်း #ယဉ်ကျေးမှုအစီအစဉ်
#YMG/NN #Yangon_Times
#Local_News
Published -20 Feb 2025
▪️ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂ဝ၀ ကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင်
ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ ယင်းတို့မှာကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
▪️ ၎င်းတို့မှာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ဝင်လာကာ တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါတရုတ်နိုင်ငံသား ၂၀၀ ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီးနစက အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။
▪️ ယင်းအပြင်အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၊မြဝတီ၊ ရွှေကုက္ကိုလ်၊ KK Park ဒေသများသို့ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်အတွင်း ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁,၅၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
#Yangon -Times/PP
#Local_News
Published 20 February 2025
▪️ ယခုနှစ် ဇန်နဝါရီလအတွင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Fire Hotspot ဖြစ်ပေါ်မှု ၁၀၀၀ကျော်ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်၌ ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင် ရွက်ရေးကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် (၁၀၅၇)ကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ASMC website မှရရှိသည့် Fire Hotspot ဆိုင်ရာအချက်အလက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၏ ပထမသီတင်းပတ်တွင် (၁၂၃)ကြိမ်၊ ဒုတိယသီတင်းပတ်တွင် (၂၀၁)ကြိမ်၊ တတိယသီတင်းပတ်တွင် (၂၈၆)ကြိမ်နှင့် စတုတ္ထ သီတင်းပတ်တွင် (၄၄၇) ကြိမ်ဖြင့် တဖြည်းဖြည်းမြင့်တက်လာကြောင်းသိရသည်။
▪️ အဆိုပါ Fire Hotspot ဖြစ်ပေါ်မှုမှာ ရှမ်းပြည်နယ်သည် (၂၅၅)ကြိမ်ဖြင့် အများဆုံးဖြစ်ပေါ်ခဲ့ပြီး ဒုတိယအနေဖြင့် စစ်ကိုင်းတိုင်းမှာ (၂၁၄)ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း၊ နှစ်စဉ်နွေရာသီကာလဖြစ်သည် မတ်၊ ဧပြီလများ၌ Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည့်အတွက် နေပြည်တော်၊ တိုင်းနှင့် ပြည်နယ်အလိုက် ပညာပေးဆွေးနွေးရေး၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် အသိပညာပေးဟောပြောခြင်းများ၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် လိုက်နာမှုရှိစေရေးဆောင်ရွက်မှုများကို အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက အထက်ပါအစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့ သည်။
▪️ ထို့အတူ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များအနေ ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို အချက်အလက်၊ ကိန်းဂဏန်း၊ မှတ်တမ်းဓာတ်ပုံများနှင့်တကွပေးပို့ကြရမည်ဖြစ်ပြီး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့ချနိုင်ရန် ကုန်းမြင့်လယ်ယာဖော်ထုတ်မှု၊ လယ်ယာထွက်အမှိုက်များစုပုံမီးရှို့မှုမရှိစေရေး၊ တောမီးရှို့မှုမရှိစေရေး ပညာပေးဆွေးနွေးမှုတို့ကို ပိုမိုတိုးမြှင့်လုပ် ဆောင်ကြရမည်ဟုလည်း မှာကြားခဲ့ ကြောင်းသိရသည်။
▪️ ထို့ပြင် ဒု-ဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်မှလည်း ရွှေ့ပြောင်းတောင်ယာစနစ်မှ ကုန်းမြင့်လယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရန် နေရာနှင့် ရေအရင်းအမြစ်ရှိပါက ဆိုလာရေတင်စနစ်ကိုဆောင်ရွက်သင့်ပြီး ကုန်းမြင့်လယ်ယာဆောင်ရွက်လိုသည့် နေရာများရှိလျင် နည်းပညာကူညီပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 February 2025
▪️ နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ အကြမ်းဖက်နှင့် လက်နက်ကိုင်သောင်းကျန်းမှုများကို ထောက်ပံ့နေမှုအား တိုက်ဖျက်သွားမည်ဖြစ်ကြောင်း နကစက ဖေဖော်ဝါရီလ ၁၉ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
▪️ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားကြောင်း ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ သို့ရာတွင် နိုင်ငံတော်အတွင်းရှိ ဒေသအချို့တွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများကို အခွင့်ကောင်းယူကာ မတော်လောဘစီးပွားရေးသမားများက နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုများကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်သောင်းကျန်းသူများအား ထောက်ပံ့ခြင်းများကို လုပ်ဆောင်နေကြကြောင်း၊ ထိုသို့သော မတော်လောဘဖြင့် ဥပဒေမဲ့ နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ခိုးထုတ်ကြရာတွင် ဥပဒေကို မသိနားမလည်သည့်အပြင် ဆင်းရဲနွမ်းပါးသည့် ဒေသခံပြည်သူများကို ငွေကြေးဖြင့် ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင်စေလျက်ရှိကြောင်းကိုလည်း တွေ့ရှိရကြောင်း၊ ယင်းသို့လုပ်ကိုင်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှုမြောက်ကြောင်း ယင်းကဲ့သို့ ဥပဒေမဲ့ခိုးထုတ်မှုများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် ပြည်သူများ သတိပြုကြရန်လိုကြောင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။
▪️ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မတော်လောဘဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို ထောက်ပံ့နေမှုများအား စိစစ်ဖော်ထုတ်၍ လိုအပ်သလို တိုက်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို အားပေးထောက်ပံ့မှုပြုနေသည့် ယင်းကဲ့သို့ ဥပဒေမဲ့သယံဇာတခိုးထုတ်သည့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းမှ အထူးသတိပြုရှောင်ရှားကြရန်လိုကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 February 2025
▪️ ပဲခူးမြို့နှင့် မန္တလေးမြို့များရှိ ရပ်ကွက် အချို့၌ ယနေ့ မနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၂၀ရက်နေ့၊ မနက်၂ နာရီ ၉ မိနစ် အချိန်ခန့်က ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဥသာ(၇)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စခန်း၃နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မနက်၂ နာရီ၂၆ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်းသိရသည်။
▪️ အလားတူ ဖေဖော်ဝါရီ ၂၀ရက်နေ့၊ မနက်၄နာရီ ၂ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀x ၃၁) (၈၆ x၈၇)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၄ နာရီ ၁၇ မိနစ် အချိန်၌ မီးထိန်း၍ ၄ နာရီ ၂၁ မိနစ်အချိန်၌ မီးငြိမ်း နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 478 of 2357