၁၅ မေ ၂၀၂၄
ပင်လယ်ပြင်အတွင်း တရုတ်ကုန်တင်ရေယာဉ်တစ်စီးတွင် အမြင့်ပေါ်မှပြုတ်ကျ၍ ထိခိုက်ဒဏ်ရာရသူ တရုတ် သင်္ဘောသားတစ်ဦးကို တပ်မတော်(ရေ)မှ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့ပင်လယ်ပြင်အတွင်း ကိုကိုးကျွန်း၏အနောက်မြောက်ဘက် ၆၉ မိုင်ခန့် အကွာ၌ အိန္ဒိယနိုင်ငံ၊ Dhamra Port မှ တရုတ်နိုင်ငံသို့ထွက်ခွာလာသော တရုတ် နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင် ရေယာဉ်ကြီးပေါ်မှ ရေယာဉ် အမှုထမ်းတစ်ဦးသည် မေလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမြင့်မှပြုတ်ကျ၍ စိုးရိမ်ရသည့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသရန် လိုအပ်ကြောင်း MRCC မှတစ်ဆင့် အကူအညီတောင်းခံလာခဲ့ခြင်းဖြစ်ပါတယ်။
အဲဒါကြောင့်ဟိုင်းကြီးကျွန်းမြို့ အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော် (ရေ)မှ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တစ်စီးသည် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး အတွက် အဆိုပါကုန်တင်ရေယာဉ်ကြီးရှိရာ နေရာသို့ သွားရောက်ခဲ့ရာ ဒဏ်ရာရ လူနာတရုတ်လူမျိုး Mr. TAN BIN အမည်ရှိ ရေယာဉ် အမှုထမ်းအား ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်၍ လူနာအား ကနဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ယင်းနောက်ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့၍ ဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ပြီးနောက်လိုအပ်သော ဆေးအကာအကွယ်ပေးမှုများအား ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့ သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
@ymg/knl
#Daily_News
Published_ 15 May 2024
၁။ ဗိုလ်တထောင်စေတီတွင် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲကြီး ကျင်းပမည်
၂။ ရေနံချောင်းနှင့် မကွေးကြားတွင် လူလုပ်တောအုပ်များ ဖော်ဆောင်ပေးနေ
၃။ ကျုံအိတ်တံတားပျက်စီးခြင်းကြောင့် သွားလာရေးခက်ခဲပြီး ဒူးရင်းသီး ဈေးအနည်းငယ်ကျဆင်းနေရာမှ ဈေးပြန်တက်
၄။ ဂနာဝါကျေးလက်ရိုးရာ ဂီတယဥ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရန် ရည်ရွယ်ကာ မော်ရိုကိုအနောက်ပိုင်းမြို့တွင် ဂီတပွဲတော်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 May 2024
ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် တညင်းကုန်းကျောင်းတိုက်အရှေ့ (360)ဆီဆိုင် နှင့် ရွာသစ် မှတ်တိုင် အနီး တွင်YBSယာဉ်မှ လမ်းကူးသူနှစ်ဦးကို ဝင်တိုက်မိသဖြင့် အမျိုးသမီးနှစ်ဦး ေ-သဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။
မေလ ၁၄ရက်နေ့ ည ၈နာရီခွဲခန့်က တညင်းကုန်းဘက် မှ မြို့ထဲဘက်အတက်ခြမ်းတွင်( YBS 131 )ယာဉ် တစ်စီး မှ လမ်းကူးသူ အမျိုး သမီး သား အမိ နှစ် ဦး ကို အရှိန်မထိမ်း နိုင်ပဲ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး နှစ်မှာ အခင်း ဖြစ်ပွားသည့် နေရာ မှာပင် ေ-သ ဆုံးခဲ့ကြောင်း သိရသည်။
ေ-သဆုံးခဲ့သူများ ၏ ရု-ပ်အ-လောင်း ကို ပြန်လည်ရှင်သန်ရေးအသင်း နှင့်တွဲလက်လူမှုကူညီရေးအဖွဲ့ တို့ မှ (အင်းစိန်)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း (၄၂)မျိုးတွင်တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့်အတွက်အများပြည်သူသုံးစွဲရန်မသင့် ကြောင်းမြန်မာFDAမှသတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓါတုပစ္စည်းပါဝင်သည့် ဖော်ပြပါ အလှကုန်ပစ္စည်း(၄၂)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သောတားမြစ်ဓါတုပစ္စည်းများ ပါဝင်နေပါသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးကြေညာခြင်းဖြစ်သည်ဟုဆိုသည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသိုစုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျုံအိတ်တံတားပျက်စီးခြင်းကြောင့် သွားလာရေးခက်ခဲပြီး တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဒူးရင်းသီး ဈေးအနည်းငယ်ကျဆင်းနေရာကနေ လက်ရှိမှာမြို့ကြီးတွေကိုတင်ပို့နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ မွန်ပြည်နယ်က ဒူးရင်းသီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အပူပိုင်းဒေသကို လာရောက်တဲ့ခရီးသွားတွေအနေနဲ့ ဝင်ရောက်နားခိုလို့ရအောင် ကျေးငှက်တိရစ္ဆာန်တွေ အရိပ်ရနားခိုးကာ အစားအစာရရှိစေဖို့ ရည်ရွယ်ပြီး ဖော်ဆောင်ပေးတာဖြစ်ပါတယ်လက်ရှိမှာတော့ ရေနံချောင်းနဲ့မကွေးကြားမှာ လူလုပ်တောအုပ် ၇နေရာ ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ နှစ်နေရာထပ်မံပြုလုပ်ရန် လုပ်ဆောင်နေတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းရဲ့ တည်ထောင်သူ ကိုဒင်းဂါးက ပြောပါတယ်၊၊
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့မှာ မနက်(၇)နာရီမှ ည(၈) နာရီအထိ ဗိုလ်တထောင်စေတီရှိ ညောင်ပင်နှစ်ပင်မှာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်မှာဖြစ်တယ်။
(ဗိုလ်တထောင်စေတီတော်၊ ဂေါပကအဖွဲ့)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 482 of 2039