Published_ 15 May 2024
'နေပြည်တော်အလင်းစီမံချက်'ဖြင့် မြို့နယ်အသီး သီးမှညွှန်းပို့လာသည့်မျက်စိလူနာ(၂၇)ဦးကိုနေပြည်တော်ရှိဆေးရုံကြီးတွင်အခမဲ့ခွဲစိတ်ကုသ ပေးခဲ့ကြောင်းသိရသည်။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၃၀၀)၌ နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့ နယ်များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် ၄၅ ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာ ၂၇ ဦးကို အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့သည်ဟုဆိုသည်။
အဆိုပါခွဲစိတ်ကုသမှုကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ) နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူကြည့်ရူအားပေးခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်စရိတ်ဖြင့် ကုန်ကျခံပြီးမျက်စိအခမဲ့ခွဲစိတ်ကုသပေးခြင်း 'နေပြည်တော်အလင်း'နှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲများကို အခမဲ့ခွဲစိတ်ကုသပေးသည့်' နေပြည်တော်အပြုံးအစီအစဉ် 'ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ယင်းအစီအစဉ်များနှင့်ပတ်သက်၍နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက " မျက်စိ အတွင်းတိမ်ခွဲမယ့် စာရင်းက ၁၈၂ ဦးနဲ့ နှုတ်ခမ်းကွဲ/အာခေါင်ကွဲစာရင်းက ၄၈ ဦး ရရှိပြီး ဖြစ်ပါတယ်။ စာရင်းကောက်တာကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ လစဉ်ဆောင်ရွက်ပြီး ရေရှည်သွားမှာဖြစ်တဲ့အတွက် လူဦးရေကန့်သတ်မထားပါဘူး"ဟု နိုင်ငံပိုင်သတင်းစာ၌ ဖြေကြားထားကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 15 May 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၄)၊ မြတ်လေးလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မေလ၁၄ရက် ညပိုင်း၇နာရီ၃၈မိနစ်အတွက်ခန့်က ဟော်ကုန်းရပ်ကွက်၊ နယ်မြေ(၄)၊ မြတ်လေးလမ်း ရှိ နေအိမ်တလုံးကစပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
""မီးတောက်ကကြီးတယ် မီးလောင်ချိန်ကလည်းကြာတယ် ဒါပေမဲ့ မီးငြှိမ်းမြန်လို့
နေအိမ်အများကြီးမပါဘူး မီးစလောင်တဲ့အိမ်နဲ့ ဘေးနားက နေအိမ်အချို့အနည်းငယ်မီးလောင်သွားတယ်""ဟုဒေသခံတစ်ဦးကပြောသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စျေးပိုင်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စည်ပင်မှ ရေသယ်ယာဉ်(၁)စီး၊ အယ်ပွလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည၈နာရီ ၁၀ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အင်္ဂလန်နိုင်ငံ(ECMWF) Data အရ မုန်တိုင်းငယ်ဟာ မေလ (၂၃)ရက်မှာ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသ (ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း)သို့ ဦးတည်ရွေ့လျားနိုင်ခြေရှိတယ်။
အိန္ဒိယကမ်းရိုးတန်းဘက် ဦးတည်တယ်လို့ DMH- WRF Model ရဲ့တိုင်းတာချက်၊ အမေရိကန်နိုင်ငံ၊ (GFS)Dataမှာ ဖော်ပြထားတယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
#Yangon_Times/tthl
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 14 May 2024
၁။ အပွင့်မြန်သည့် ကိုင်းကူးပိတောက်ပျိုးပင်များကို ရန်ကုန်နှင့်အပူပိုင်းဒေသတို့မှ အမှာများနေ
၂။ လာမည့်ကဆုန်လပြည့်နေ့တွင် ကျိုက်ထီးရိုးစေတီတော်မှာ တောင်အပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည်
၃။ အာဇာနည်နေ့၌ ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျေးရွာ ၁၉ ရွာ၌ ပျိူးပင် ၁၉,၀၀၀ စိုက် ပွဲတော်ပြုလုပ်မည်
၄။ ရှန်ကျန်းလေဆိပ်တွင် အိမ်မွေးတိရိစ္ဆာန်များအတွက် နားနေခန်းနှင့် ဝန်ဆောင်မှုများစတင် ဖွင့်လှစ်ပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ပြည်တွင်း ကြက်သွန်နီဈေးကွက်မှာ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိတဲ့ ဒေသစုံက ကြက်သွန်တွေ ဈေးကွက်အဝင် များလာတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။ အခုလို ဈေးကွက်ထဲ ကုန်အဝင်များ လာပေမယ့် အရောင်းဝယ်ကတော့ ယခင်လထက် အေးနေတယ်လို့ ဆိုပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကိုဖြိုး(အလှကမ္ဘာမြေ) သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအဖွဲ့ (ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့)က ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်မှ ပေးပို့လှူဒါန်းလာတဲ့ ပျိုးပင်တွေထဲက ပျိုးပင် အရေအတွက် ၁၉,၀၀၀ကို လာမယ့် ဇူလှိုင်လ ၁၉ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ကကျေးရွာ ၁၉ရွာ မှာ အာဇာနည်နေ့အထိမ်းအမှတ် အနေနဲ့ စိုက်ပျိုးထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မွန်ပြည်နယ်၊ ကျိုက်ထီးရိုးစေတီတော်ရှိ ရင်ပြင်တော်ပေါ်မှာ တောင်တော်အပ်ပွဲအခမ်းအနားကို မေလ (22 )ရက်၊ ကဆုန်လပြည့်နေ့မှာ ပြုလုပ်မယ်အခုနှစ်တော့ မိုးလေဝသကြောင့် အကျဥ်းရုန်းပဲ လုပ်ဖြစ်မယ် မိုးတွင်းကာလမှာလဲ ဘုရားဖူးတွေ လာရောက်လို့ အဆင်ပြေအောင် တောင်တတ်ကားတွေ ပြေးဆွဲပေးသလို တည်းခိုဆောင်တွေ စားသောက်ဆိုင်တွေ ဖွင့်လှစ်ထားတယ်လို့ ကျိုက်ထီးရိုးဂေါပက အဖွဲ့ထံ က သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 485 of 2040