#Local_News
Published_21 May 2025

▪️ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် မီတာ ၄၀၀ ပြေးလမ်းနှင့် အထူးတန်းပွဲကြည့်စင်ပါ အားကစားကွင်း ရှိရမည်ဟု နစက ဥက္ကဌ က မေလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများလည်း တက်ရောက်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့တွင် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။

▪️ အားကစားသည်နိုင်ငံတော်ကို ချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်း သည် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို မြို့ကြီးများတွင်သာမကလုပ်ဆောင်၍ရနိုင်သည့်နေရာများ၌ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၌ မီတာ ၄၀၀ ပြေးလမ်းနှင့် အထူးတန်းပွဲကြည့်စင်ပါရှိသည့် အားကစားကွင်းရှိရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

▪️ ယင်းအပြင် Indoor Game အားကစားများဆောင်ရွက်နိုင်သည့် မိုးလုံလေလုံအားကစားရုံနှင့် ရေကူး ကန်များ လည်းရှိရမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အဆင့်မီသည့်ပြိုင်ပွဲများဖြစ်ရန် လိုသကဲ့ သို့ အားကစားသမားများကလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန်လိုကြောင်း ၎င်းက ပြောသည်။

▪️ အားကစားမြှင့်တင်ရာတွင် အခြေခံအဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးရမည်ဖြစ် သကဲ့သို့ အရည်အချင်းပြည့်ဝသည့် နည်းပြများကိုလည်း စနစ်တကျဖြင့် ခန့်အပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားသမားများရွေးချယ်ရာ၌လည်း စနစ်တကျဖြင့် စိစစ်ရွေးချယ်သွားရန် ၊ လူငယ်လူရွယ်များအားအခြေခံပညာကျောင်းများကတည်းကပင် စနစ်တကျစိစစ်မွေးထုတ်သွားရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

#Yangon_Times/PP