#Local_News
Published_21 May 2025

▪️ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကိုလည်း ဖော်ထုတ်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးဒုတိယနေ့တွင် ပြောသည်။

▪️ နံပါတ်ပြားများအတုပြုလုပ်ခြင်း၊ လိုင်စင်များအတုပြုလုပ်ခြင်းများ လုပ်ဆောင်နေမှုများကို တွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန် ၊ ထိုသို့စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်မည်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေးကြပ်မတ်ဆောင်ရွက်သွားရန် နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

▪️ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လိုင်စင်မဲ့မော်တော်ဆိုင် ကယ်များစီးနင်းမှုများပြားနေကြောင်းလည်း သိရသည်။

#Yangon_Times/PP