ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တာတွေကိုပြန်လည်ပြုပြင်နေဆဲဖြစ်တဲ့ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို ဒီကနေ့ကနေ့ ဥပုသ်နေ့မှာ ဝင်ရောက်ဖူးမျှော်ခွင့်ပြုထားပြီး အပတ်စဉ်လည်း ဥပုသ်နေ့တိုင်း ဖူးမြှော်ခွင့်ပြုနိုင်ဖို့ဆက်လက် ဆောင်ရွက်နေတယ်လို့ မဟာမုနိဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 19 May 2025
#မဟာမြတ်မုနိဘုရား #ဥပုသ်နေ့တိုင်းဖူးမြှော်နိုင်
#YMG/NN #Yangon_Times
ပထမအကြိမ်အာဆီယံ ဒူးရင်းပွဲတော်ကိုတရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူးကျင်းပသွားမှာဖြစ်ရာမြန်မာ့ဒူးရင်းမျိုးတွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်ထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
#Local_News
Published 19 May 2025
#အာဆီယံဒူးရင်းပွဲတော် #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/SW #Yangon_Times
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးမှူး၍ ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 May 2025
#Speed_Boatအသုံးပြု #ကယ်ဆယ်ရေးသင်တန်းဖွင့်
#YMG/SW #Yangon_Times
#Local_News
Published 19 May 2025
▪️ မန္တလေး အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ၅၃ရက်အကြာ၌ မန္တလေးမြို့ရှိSky Villa အဆောက်အဦ မှ ရုပ်အလောင်းတစ်လောင်း ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် (C)အဆောင် အခန်းအမှတ်(M2)မှ ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 May 2025
▪️ ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းကမ်းနားလမ်းထောင့် ၌ ခါးပိုက်နှိုက်များအုပ်စုဖွဲ့ ဝိုင်းရိုက်၍ ၁၉နှစ်သား ဆေးရုံရောက်ခဲ့ရကြောင်း ဆေးရုံသို့ ကူညီပို့ဆောင်ပေးသည့် ပရဟိတအဖွဲ့မှ သိရသည်။
▪️ ယနေ့မနက်ပိုင်းတွင် YBS ကားပေါ်တွင် ခါးပိုက်နှိုက်အဖွဲ့မှ ဖုန်းနှိုက်ရာ ဖုန်းနှိုက်ခံရသူ အမျိုးသားငယ်နှင့် အခြေတင်ဖြစ်ရာမှ ကားပေါ်မှ တွန်းချပြီး အောက်တွင်အုပ်စုလိုက် ရိုက်နှက်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'ကားနံပါတ်တော့မသိလိုက်ဘူး၊ ဘေးနားက လူတွေပြောတာတော့ YBS ပေါ်ကနေ ကန်ချလာပြီး အောက်မှာ ဝိုင်းရိုက်တာလို့ပြောပါတယ် ၊ကျွန်တော်တို့ကိုဖုန်းဆက်အကြောင်းကြားလာတာကတော့ မနက်ကိုးနာရီ မထိုးခင်လေးကပါ၊ သွားရောက်ကူညီပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်'ဟု ကိုပူတူးနှင့်ဘော်ဒါများပရဟိတအဖွဲ့မှ ကိုပူတူးက ရန်ကုန်မီဒီယာ ဂရုသို့ ပြောသည်။
▪️ ယနေ့ မနက် ၉နာရီ ဝန်းကျင်ခန့်က ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်တွင်အသက် (၁၉)နှစ်အရွယ် ဦးခေါင်းညာဂျိုစောင်း ပေါက်ပြဲဒဏ်ရာရအမျိုးသားလူနာတစ်ဦး သတိလစ်နေကြောင်း ပတ်ဝန်းကျင်မှ ဖုန်းဆက် အကူညီတောင်းခံလာပါသောကြောင့် အချိန်နှင့် တပြေးညီ လိုအပ်သည့် မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'ကောင်လေးက ဆေးရုံရောက်တော့ သတိပြန်ရလာပါတယ် ဒီလို ခါးပိုက်နှိုက်တွေ မကြာခဏ အနှိုက်ခံရတာတွေ ရန်ပြုခံရတာတွေနဲ့ပတ်သက်လို့ ပြောချင်တာကတော့ ကိုယ့်ပစ္စည်းလေးတွေကိုကိုယ် သတိမလွတ်ဘဲ ဂရုပြုကြဖို့ပဲပြောချင်ပါတယ်' ဟု ၎င်းက ဆက်ပြောသည်။
▪️ အဆိုပါကဲ့သို့ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ဖြစ်စဉ်များ ရန်ကုန်မြို့ရှိ YBS ယာ၍ယာဉ်များပေါ်၌ မကြာခဏ ဖြစ်ပွားလျှက်ရှိသည့်အပြင် နစ်နာသူများအား အုပ်စုဖွဲ့ရမ်းကားခံရလေ့ရှိသည့် အခင်းဖြစ်ပွားရာနေရာများ၌ ကူညီသူနည်းပါးနေဆဲဖြစ်၍ လူမှုကွန်ယက်၌ ဝေဖန်မှုများရှိနေကြောင်း သိရသည်။
▪️ 'ကြုံဖူးတယ် ၈ မိုင်မှာ ကျမ အမျိုးသားကို လူ ၆ ယောက်က ဝိုင်းထိုးကြတာ ဖုန်းခိုးတာက သူတို့ ၊ရိုက်ခံရတာ ခံရသူ' ဟု လူမှုကွန်ယက်သုံးစွဲသူ အမျိုးသမီးတစ်ဦးက သူမ၏ အဖြစ်အပျက်အား ပြောကြားထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 May 2025
▪️ ယနေ့ နံနက်အစောပိုင်းက ဒဂုံမြိုသစ်(တောင်ပိုင်း)ရှိရော်ဘာဆိုးပြားစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ နံနက် ၀၁ နာရီ၄၉မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 1ယာဉ်အုပ်စု ထွက်ခွာ ငြိမ်းသတ်ခဲ့ပြီး နံနက် ၀၂ နာရီ၁၃ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့အနာဂတ်အလင်းတန်းပရဟိတအသင်းမှ No.3 မီးသတ်အထောက်ကူပြုယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း(၈)ဦးထွက်ခွါကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများအား မီးသတ်တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊နယ်မြေခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့်အတူပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 May 2025
▪️ ယနေ့နံနက်အစောပိုင်းက ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
▪️ မေလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၅)မိနစ်၊ (၂၆)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၉၀)ခန့် ကွာဝေးသော မြန်မာ့ပင်လယ်ပြင် (ကျောက်ဖြူမြို့၏ တောင်ဘက် (၂၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၈) ဒီဂရီ၊ အနက် (၂၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပသည်ဟု ထုတ်ပြန်ချက်တွင်ေဖာ်ပြထားသည်။
▪️ မေလ ၁၇ ရက်၊ ည၁၀နာရီ၂၄မိနစ်ကလည်း မြစ်သားမြို့အနီးဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၅ဒသမ၂အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်ကို မန္တလေးတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 489 of 2470