#Local_News
Published 19 May 2025

▪️ ယနေ့ နံနက်အစောပိုင်းက ဒဂုံမြိုသစ်(တောင်ပိုင်း)ရှိရော်ဘာဆိုးပြားစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ နံနက် ၀၁ နာရီ၄၉မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 1ယာဉ်အုပ်စု ထွက်ခွာ ငြိမ်းသတ်ခဲ့ပြီး နံနက် ၀၂ နာရီ၁၃ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့အနာဂတ်အလင်းတန်းပရဟိတအသင်းမှ No.3 မီးသတ်အထောက်ကူပြုယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း(၈)ဦးထွက်ခွါကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများအား မီးသတ်တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊နယ်မြေခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့်အတူပူးပေါင်းကူညီပေးခဲ့‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times